Movie Name
My Bargain Queen (အကျိုးတော်ဆောင်မမလေး) (2021)
Year
2021
Generes
Romance
Code
SC0354
Type
Series
Size
13.1 GB
Country
China
Description
1-40 complete အားလုံးပဲ Roလားမမေးနဲ့ Ep(1)မှာတင် စောင်ကိုက်ရမဲ့ကားလေး Scarlet Heart ထဲက မင်းသား၁၄ Lin Gengxin နဲ့ မင်းသား၄ Wu Qilong ကို မှတ်မိကြသေးလား🙄 ၁၀နှစ်ကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကို အတူတူသရုပ်ဆောင်တာကို ပြန်တွေ့ရတော့မှာ ဖြစ်ပါတယ် ဒိတ်ဒိတ်ကြဲ မင်းသားနှစ်ယောက်နဲ့အတူတူ မင်းသမီးကောင်း Wu Jinyanကလည်း Main Leadအဖြစ်ပါဝင်ထားပါသေးတယ် ဒါဆို ဇာတ်လမ်းအညွှန်းလေးကို ဆက်ဖတ်ကြည့်ရအောင် 🎀 ဇာတ်လမ်းအညွှန်း🎀 ရှချန်(Wu Jinyan)ဟာ စေ့စပ်ပွဲနေ့မှာတင်ပဲ ဘုမသိဘမသိ သူ့ရဲ့ သတို့သားလောင်း စွန့်ပစ်တာကို ခံလိုက်ရတဲ့နောက် သတို့သားလောင်းအပေါ် ကျရောက်မဲ့ ဒေါသ မီးတောက်ကို သူ့မင်္ဂလာခန်းမကျင်းပမဲ့ ချန်ရှန့်ဟော်တယ်နဲ့ ပိုင်ရှင်သူဌေး ရှန့်ကျန်းနင်(Lin Gengxin)ဆီကို ပုံချပါတော့တယ် ဒါကတော့ ရှချန်နဲ့ ကျင်းနင်ရဲ့ ပထမဆုံး တွေ့ဆုံမှုပါ ဟော်တယ်နဲ့ ပြဿနာဖြစ်ပြီး နောက်မှာတော့ ရှချန်ဟာ သူ့ကိုယ်သူ ညှိနှိုင်းဆောင်ရွက်တတ်ပြီး စျေးဆစ်တဲ့နေရာမှာ နှစ်ယောက်မရှိနိုင်မှန်း သိရှိသွားပါတယ် အဲဒါနဲ့ပဲ သူဟာ သူ့ရဲ့အလုပ်အကိုင်ကို အကျိုးတော်ဆောင်ကုမ္ပဏီကို တည်ထောင်ပြီးလုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ် ရှချန်ရဲ့ကုမ္ပဏီဟာ မကြာခဏဆိုသလို ကျန်းနင်ရဲ့ ဟော်တယ်နဲ့ စီးပွားရေးအရ အဆက်အသွယ်လည်း ရှိခဲ့ပါတယ် ပြဿနာတွေနဲ့ စစချင်းထိပ်တိုက်တွေ့ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အတူတူအလုပ်လုပ်ကြရင်ရော အဆင်ပြေပါ့မလား? ရှချန်ကို အကြောင်းပြချက်မရှိ ထားခဲ့တဲ့ သူ့ရဲ့သတို့သားလောင်းကရော သူ့ဘဝထဲကို ပြန်ရောက်လာပြီး ဘယ်လိုတွေ နှောင့်ဦးမလဲ? အပြိုင်အဆိုင်များတဲ့ စီးပွားရေးလောကမှာ သူတို့ ဘယ်လို ဒုက္ခအခက်အခဲတွေကို ရလာမလဲ? အမုန်းနဲ့စခဲ့တဲ့ ရှချန်နဲ့ကျန်းနင်ကရော ရှေ့ဆက် ဘယ်လိုဆက်သွားကြမလဲ? ဒီကားကတော့ ရိုးရိုးသာမန်အချစ်ဇာတ်လမ်းတစ်ပုဒ်ထက်ပိုတဲ့ အချစ်ဟာသဇာတ်ကားလေးဖြစ်ပြီး ကြည့်ရသူအဖို့ relaxဖြစ်စေမဲ့အပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ စီးပွားရေးလောကရဲ့ပြိုင်ဆိုင်မှုတွေကိုပါ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်