Movie Name
Miss Hammurabi
Year
2018
Generes
Comedy, Drama
Code
SKR0191
Type
Series
Size
6.38 GB
Country
Korea
Description
❤Miss Hammurabi ( 2018 )❤ ၁ မှ ၁၆ အစဆုံး (မြန်မာစာတန်းထိုး) စိတ်ကူးယဉ်အချစ်ဇာတ်လမ်းထက်ပိုစိတ်ဝင်စားစရာကောင်းမဲ့ ဥပဒေရေးရာနဲ့ပတ်သတ်ပြီး နေ့စဉ်လာနေမှုဘဝတွေကို လက်တွေ့ကျကျ မီးမောင်းထိုးပြမဲ့ Serie လေးတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ screenwriter က ဆိုးလ်အရှေ့ပိုင်းခရိုင်တရားရုံးက တရားသူကြီးချုပ် Moon Yoo Seok ဖြစ်ပြီး သူ့ဝတ္တု "Miss Hamurabi " ကိုပဲ အခြေခံပြီး ဇာတ်ညွှန်းပြန်ရေးထားတာဖြစ်ပါတယ်..... သရုပ်ဆောင်တွေကတော့... မျက်စိဝိုင်းဝိုင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေးGo Ara ( Black, You are all surrounded) Infinite Lလို့နာမည်ကြီးတဲ့ ပျိုမေတို့ အသည်းစွဲ အဆိုတော်မင်းသားချောလေး Kim Myung Soo ( Ruler:Master of the mask) ဟာသ ၊ လူဆိုး ၊ ဘယ်ဇာတ်ရိုက်မဆို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး Sung Dong Ii (Legend of blue Sea ထဲက လူဆိုးကြီး) ဇာတ်လမ်းအကျဉ်းလေးကတော့..... ဒီ drama လေးက မတူညီတဲ့ တရားသူကြီး ၃ယောက်အကြောင်းဖြစ်ပြီး နေ့စဉ်လူနေမှုဘဝမှာ မည်သူ့မှာမဆို ဖြစ်ပွားနိုင်တဲ့ လက်တွေ့ကျတဲ့ ဖြစ်ရပ်လေးတွေကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်..... စိတ်လှုပ်ရှားလွယ်တဲ့စိတ်ဝါဒဆန်တဲ့တရားသူကြီးအသစ်လေး ပတ်ချာအို့ရွမ်း (Go Ara) သူကစည်းမျဉ်းစည်းကမ်းတွေနောက်မျက်စိမှတ်လိုက်နာတာထက်ကိုဥပဒေကို လက်ကိုင်ထားပြီး (မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး) ၊ အပြစ်ကြီးရင် ကြီးသလို ၊ အပြစ်ပေါ့ရင် ပေါ့သလို ပြစ်ဒဏ်ချမှတ်ဖို့ စိတ်ကူးသူ အနေအေးပြီး စည်းမျဉ်းစည်းကမ်းတွေအတိုင်း (စာအုပ်ကြီးအတိုင်း) တသဝေမတိမ်းလုပ်ဆောင်တတ်တဲ့ တရားသူကြီး အင်ဘာရွန်း (Infinite L) သုံးယောက်ထဲမှာ ခေါင်းဆောင်လည်းဖြစ် အတွေ့ကြုံလည်းရှိပြီး လက်တွေ့ဆန်တဲ့ အကြီးတန်းတရားသူကြီးမင်း ဟန်ဆယ်ဆန်း ( Sung Dong Ii) ကျောင်းသားဘဝအင်ဘာရွန်းရဲ့အချစ်ဦးဖြစ်တဲ့ဆေးဆေးတည်ငြိမ်သူမိန်းမလေးပတ်ချာအို့ရွမ်း လောကဓံရိုက်ခတ်မှုတွေနဲ့စီးပွားရေးကျဆင်းမှုတွေကြောင့် မဟုတ်မခံစိတ်ဓာတ်နဲ့ ကိစ္စရပ်တိုင်းဝင်ပါတတ်ပြီး ခပ်စွာစွာမိန်းကလေးအဖြစ်ပြောင်းလဲသွားသောပတ်ချာအို့ရွမ်းနဲ့ အင်ဘာရွန်းတျောက် တရားသူကြီးလုပ်ဖော်ကိုင်ဖက်အဖြစ်ပြန်လည်တွေ့ကြတဲ့အခါ. . . လုံးဝမတူခြားနားတဲ့ ပတ်ချာအို့ရွမ်းနဲ့အင်ဘာရွန်း အဲ့ခြားနားမှုတွေကနေ တဖြည်းဖြည်း ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ တရားစီရင်မှုတွေကို အထောက်ကူဖြစ်စေမလဲ ။ သူတို့ ၂ဦးလည်း တရားစီရင်မှုတွေ ၊ အတွေ့ကြုံတွေကနေ ဘယ်လို လူပီသလာကြမလဲ.... တရားသူကြီး ၃ယောက် ဘယ်လို တရားခွင်တွေနဲ့ကြုံရပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာအပြင် Go Araနဲ့ Infinite L ရဲ့ အတွဲညီညီနဲ့ ငြီးငွေ့ဖွယ်မကောင်းဘဲ စိတ်ဝင်စားစရာကောင်းအောင် ဘယ်လိုတွေ သရုပ်ဆောင်ကြမလဲဆိုတာတော့ ဆက်လက်ရှုစားပါနော်. .