-
Movie Name
-
လောင်ကျွမ်းနေသော ဖယောင်းတိုင်ငယ် (Raeng Tian)(2019)
-
Year
-
2019
-
Generes
-
Drama
-
Code
-
ST0365
-
Type
-
Series
-
Size
-
13.2 GB
-
Country
-
Thai
-
Description
-
“လောင်ကျွမ်းနေသောဖယောင်တိုင်းငယ်"
မြန်မာစာတန်းထိုး အစ/အဆုံး
2019 တုန်းက GMM 25 ကနေထုတ်လွှင့်ခဲ့ပြီး ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား New Wongsakorn နဲ့ နာမည်ကျော်မင်းသမီး Ploy Cherman တို့ဦးဆောင်ပါဝင်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်
ပါတယ်။
ဇာတ်လမ်းအကျဉ်း ....
ထီရန်စီနဲ့ တီရတ်တို့ဟာ ကျောင်းသားဘဝထဲကချစ်သူတွေပါ .... သူတို့ချစ်သူနှစ်ယောက် အတူတူသင်တန်းကျောင်းလေးတစ်ခုဖွင့်ပြီး ဆရာ,ဆရာမအဖြစ် လုပ်ကိုင်ကြပါတယ်။
တစ်ရက် သူတို့ရဲ့ Anniversary နေ့မှာမမျှော်လင့်ဘဲ
အကြောင်းပြချက်မရှိ ထီရန်စီဟာ လမ်းခွဲခံခဲ့ရပါတယ်။
ဒါကိုမြင်တွေ့သွားသူက ဘဏ်ပိုင်ရှင်သူဌေးလေး
တီဝါပါ။
အိမ်ကလည်းပေါင်ထား ၊အမေကလည်းဆေးရုံတက်နေရတော့ငွေရေးကြေးရေးအခက်အခဲကြောင့် ညဘက်တွေမှာ မော်ဒယ် ၊ Presenter ၊ အကမယ် စသဖြင့်အလုပ်
ပေါင်းစုံလုပ်ပြီးဝင်ငွေရှာပါတယ်။
တစ်ညမှာတော့ သူဌေးလေးတီဝါ နဲ့တွေ့ဆုံခဲ့ပြီး အသည်း
ကွဲနေတဲ့ကောင်မလေးတို့တစ်ညတာဖြတ်သန်းခဲ့ကြပါတယ်။
ရတ်တီကွန်ဆိုတာကတော့ ဘဏ်သူဌေးလေး တီဝါရဲ့တစ်ဦးတည်းသောညီမပါ အရမ်းမောက်မာလွန်းပြီး လိုချင်တာကိုမရရအောင်ယူတဲ့သူ အရာရာကိုငွေနဲ့ဖြေရှင်းတဲ့သူတဲ့သူမျိုးပါ။
မိုးသည်းထန်စွာရွာသွန်းနေတဲ့ညတစ်ညမှာ ထီရန်စီအလုပ်ကနေ အိမ်ပြန်လာတဲ့အခါ သူမအမေမူးလဲနေတာကိုတွေ့ခဲ့ရတယ် ဒါနဲ့သူမအမေကို ကားပေါ်တင်ပြီး မိုးသည်းနေတဲ့ကြားကဆေးရုံဆီမောင်းထွက်ခဲ့တယ်။ထိုအချိန်မှာပဲ အရက်မူးပြီးကားမောင်းလာတဲ့ ရတ်တီကွန် ဟာ ထီရန်စီရဲ့ကားကိုဝင်တိုက်မိပြီး မကူညီပဲထွက်ပြေးသွားခဲ့ပါတယ်။
ဒါပေမယ့် ထီရန်စီသတိမလစ်ခင်မှာ သူမမျက်နှာကို
တွေ့သွားခဲ့တယ်။
ဒီကိစ္စကြောင့် သူမရဲ့အမေကို ဆေးရုံအချိန်မှီမပို့နိုင်ခဲ့ပဲ သူမအမေသေဆုံးသွားခဲ့ရပါတယ်။
သို့သော်လည်းငွေများတရားနိုင်ဆိုသလိုပဲ ဒီယာဉ်တိုက်မှုမှာမျက်မြင်သက်သေမရှိတဲ့အတွက် ရတ်တီကွန်ကို
အမြဲတမ်းကာကွယ်ပေးနေတဲ့ အမေနဲ့အစ်ကိုဟာ
သူတို့အိမ်က ဒရိုင်ဘာကိုလူစားထိုးပြီးထည့်လိုက်ကြတယ်။
ဒါပေမယ့် သူမနောက်ဆက်တွဲသိလိုက်ရတာက သူမကိုထားသွားခဲ့တဲ့ရည်းစားဟောင်း တီရတ်ဟာ ရတ်တီကွန်ရဲ့ချစ်သူဖြစ်နေတာပါပဲ။
နာကျည်းချက်တွေပြည့်ဝနေတဲ့ ထီရန်စီတစ်ယောက်
သူမကိုနာကျင်စေခဲ့တဲ့သူတွေကို ဘယ်လိုလက်စားချေ
မလဲ ? ဆိုတာကိုကြည့်ရှုလိုက်ကြရအောင်။