Movie Name
Tengen Toppa Gurren Lagann (2007)
Year
2007
Generes
Action, Adventure, Comedy, Sci-Fi
Code
SAN0058
Type
Series
Size
7.77 GB
Country
Japan
Description
1-27 complete Simon နဲ့ Kamina ဆိုတဲ့ကောင်လေးနှစ်ယောက်ဟာ မြေမျက်နှာပြင်ဆိုတာကိုယုံတမ်းစကားလို့သိထားကြတဲ့ မျိုးရိုးအစဉ်အဆက်မြေအောက်ထဲနေ‌၊ မြေအောက်ထဲစားပြီး မြေတူးခြင်းဖြင့်ရွာကိုတိုးချဲ့ကြတဲ့ မြေအောက်ရွာတစ်ခုမှာ မွေးဖွားပြီး ကြီးပြင်းလာခဲ့ကြတာပါ။ Kamina က ပေါ့ပေါ့ပါးပါးနေတက်ပြီး ရွာသူကြီးအမိန့်ကိုဆန့်ကျင်ကာ မျက်နှာပြင်ပေါ်တက်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီးတော့ Simon ကတော့ ရည်မှန်းချက်ရယ်လို့ ရေရေရာရာမရှိပဲ အရှက်အကြောက်ကြီးတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့ကြ Simon ဟာ ပုံမှန်အတိုင်းရွာတိုးချဲ့ဖို့အတွက် မြေတူးနေစဉ်မှာ ထူးခြားတဲ့ drill ပုံစံအချွန်တစ်ခုနဲ့ မျက်နှာအကြီးကြီးတစ်ခုကိုတွေ့ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ မျက်နှာပြင်ပေါ်က Gunman တစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ပြုတ်ကျလာခြင်းနဲ့အတူ Kamina ရဲ့ ‌မျက်နှာပြင်ပေါ်တက်ချင်တဲ့အိမ်မက်များ အကောင်အထည်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် Simon ရှာတွေ့ထားတဲ့မျက်နှာပုံစက်ရုပ်ရယ် ကျ‌လာတဲ့ကောင်မလေးရယ်နဲ့ပေါင်းပြီး Gunman ကိုခဲရာခဲဆစ်အနိုင်ယူခဲ့ကြပါတယ်။ ပြီးခါကြ Gunman နဲ့အတူကျလာတဲ့ အနီရောင်ဆံသားနဲ့ Yoko ဆိုတဲ့ကောင်မလေးဟာလည်း သူဟာအနီးနားကမြေအောက်ရွာတစ်ခုဖြစ်ကြောင်း၊ သူတို့ရွာလည်းပျက်စီးသွားလို့ မျက်နှာပြင်ပေါ်မှာ Gunman တွေနဲ့ နေ့စဉ်နေ့တိုင်း ရင်ဆိုင်တိုက်ခိုက်နေရကြောင်း ပြောပြပေးပါတယ်။ သို့သော်ငြားလည်း မျက်နှာပြင်ဟာ သူထင်ထားသလို အရာရာအေးချမ်းနေတဲ့နေရာမဟုတ်ပဲ Gunman လိုခေါ်တဲ့အကောင်ကြီးတွေရဲ့ မနက်မိုးသောက်ယံကနေ ညမိုးချုပ်အထိ တိုက်ခိုက်ခြိမ်းခြောက်ခြင်းခံနေရတဲ့နေရာဖြစ်နေတဲ့အခါမှာတော့ ရွာမျက်နှာပြင်ပွင့်သွားပြီးဖြစ်တဲ့အတွက် ပြန်စရာမရှိတော့တဲ့ Simon နဲ့ Kamina တို့ဘာလုပ်ကြမှာလဲ ? Gunman အကောင်ကြီးတွေက‌ရောဘာတွေလဲဆိုတာ ရှုစားကြရမှာပဲဖြစ်ပါတယ်။