Movie Name
Ishq Not A Love Story (2021)
Year
2021
Generes
Romance, Thriller
Code
IND0154
Type
Movie
Size
421 MB
Country
Bollywood
Description
Ishq Not a love story(2021) 2021မှာ အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ငယ်ရွယ်တဲ့ လူငယ်နှစ်ယောက်ဖြစ်တဲ့ ဆစ်ဒူနဲ့အနူတို့က သူတို့ရဲ့ ပထမဆုံးဒိတ်ကို ဗီဇက်ကို ကားနဲ့အလည်သွားခဲ့ပါတယ် နှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုမှာ တစ်ယောက်အကြောင်းတစ်ယောက်လေ့လာရင်း သူတို့တွေ့ပျော်နေကြပါတယ် သူတို့သွားရာလမ်းမှာ ကားခဏပါကင်ထိုးထားတုန်း လူတစ်ယောက်က သူတို့၂ ယောက် နမ်းနေကြတာကို ဗီဒီယိုခိုးရိုက်ဖို့ ကြိုးစားခဲ့ပါတယ်.အဲဒီသူက သူ့ကိုယ်သူ ရဲပါလို့လိမ်ညာပြောပြီး စစ်မေးဖို့လုပ်မယ် စခန်းခေါ်သွားမယ်လို့ခြိမ်းခြောက်ပြီး အဲဒီလိုကနေ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပါဒုက္ခပေးခဲ့ပါတယ် အနူကတော့ ထုတ်မပြောခဲ့ပေမဲ့ နှစ်ယောက်သားကြား ဆက်ဆံရေးကျဲသွားရာက ဆစ်ဒူတစ်ယောက် မနေ့ကဖြစ်ခဲ့တဲ့နေရာကိုပြန်သွားပြီး ရဲဟန်ဆောင်ခဲ့တဲ့သူရဲ့ မိသားစုအိမ်ထိရောက်သွားပါတယ် သူတို့၂ယောက်ကြားကိုစိတ်ဒုက္ခပေးခဲ့တဲ့ အမည်မသိသူရဲ့ မိသားစုကိုတွေ့တော့ သူဘယ်လိုလုပ်မလဲ အနူနဲ့ဆစ်ဒူတို့ရော ပြန်အဆင်ပြေကြမလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး