Movie Name
Girl2K (ဖူးစာရှာမယ် ချစ်ဝဲလည်) (2021)
Year
2021
Generes
Romance
Code
ST0366
Type
Series
Size
5.59 GB
Country
Thai
Description
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်း လေးကတော့ Faဘဝနဲ့အရိုးထုတ်လာသူတွေကို အားမငယ်ရဖို နှစ်၂၀၀၀ Fa မမ Momay ရဲ့ ဖူးစာရှင်ရှာပုံတော်လေးနဲ့ အစပျိုးထားပါတယ်ကွယ် 🤣🤣 Momay ဆိုသူကတော့ နှစ်၂၀၀၀သက်တမ်းရှိနေတဲ့ ကောင်မလေးပါ ရာစုနှစ်တွေ ဘယ်လောက်ပဲ ကြာသွားသွား သူမကတော့ ဒီအရွယ်ကမတက်နုပျိုဆဲ မအိုမနာမဖျား မသေဘဲ ထာဝရရှင်သန်လာနေသူပေါ့ကွယ် ဒါပေမဲ့ ဘယ်တော့မှ မသေဘဲ တစ်ကိုယ်တည်းအထီးကျန်စွာရှင်သန်နေရတဲ့ဘဝကို စိတ်နာနေတဲ့ Momayဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖိုကြိမ်ဖန်များစွာကြိုးစားခဲ့ပေမဲ့ တစ်ကြိမ်မှမအောင်မြင်ဘဲ အမြဲရှုးနိမ့်ခဲ့ပါတယ် တစ်နေ့မှာ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ ရှေ့ဖြစ်ဟောသူKratingက ဟောတမ်းတစ်ခုထုတ်ပေးလိုက်တော့တယ် အချစ်စစ်နဲ့တွေ့တဲ့အခါမှ Momay ရဲ့ကျိန်စာဟာ ပျက်ပြယ်သွားမှာဖြစ်ပြီး သူမ ဖြစ်ချင်တဲ့အတိုင်း အသက်အရွယ်ရပြီး အိုနာသေဆုံးတဲ့ သာမာန်လူသားဖြစ်ခွင့်ရပါမယ်တဲ့ အဲ့တော့ နှစ်၂၀၀၀လုံး Fa ဘဝနဲ့ အရိုးထုတ်လာခဲ့တဲ့ Momay တစ်ယောက် အချစ်စစ်ရှာပုံတော် စတင်ပါတော့တယ် ဟော... အချစ်ကိုတွေ့ပါပြီဆိုကာမှ တစ်ယောက်တည်းတောင်မဟုတ်ဘဲ Thawin , Khun Prom , Kampan , Moo Tod ဆိုတဲ့ လူချော၄ယောက်တောင် Momayနားရောက်လာတော့တယ် -Thawin ကတော့ အလုပ်ကြိုးစားပြီး သဘောကောင်းလွန်းတဲ့Momayရဲ့ ဘော့စ်ပါ -Khun Prom ဆိုသူကတော့ Momayတို ကုမ္ပဏီ ရဲ့ အကြီးမားဆုံး ဖောက်သည်ကြီးပါ -Kampan ကတော့ Momay ရဲ့ မောင်လေးလိုချစ်ရတဲ့ လူငယ်လေး ဖြစ်ပြီး -Moo Tod ဆိုသူကတော့ အလုပ်နေရာအစားထိုးဝင်လာတဲ့လူသစ်လေးပေါ့ အဲ့တော့ အချစ်စစ်ရှာမယ့် နှစ်၂၀၀၀မမကတော့ ကိုယ်လူချော၄ယောက်ကြား ရွေးရခက်ပြီးဗျာများရပြီပေါ့ကွယ် ဒီ၄ယောက်ထဲက ဘယ်သူက အချစ်စစ်ဖြစ်ပြီး Momay ကရော ဘယ်သူ့ကိုရွေးချယ်မှာလဲဆိုတာကို ရိုမန့်တစ်ဆန်ဆန်လေးကြည့်ရမှာမို Fa တွေရော Rsတွေရော ကြည့်သင့်တာမို Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော်