Movie Name
Innocence (2020)
Year
2020
Generes
Crime, Drama
Code
KR0101
Type
Movie
Size
969 MB
Country
Korea
Description
ဒီတစ်ခေါက် ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Mr. Queen ဇာတ်ကားထဲက မင်းသမီး Shin hye Sun အဓိကပါဝင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းအရ ထက်မြက်ပြီး တော်တဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျောင်ဆူက အမှုမှန်သမျှ နိုင်ပြီး နာမည်ကြီး ရှေ့နေတစ်ယောက်ဖြစ်ပါတယ် ငယ်စဥ်တည်းက မိဘတွေအိမ်က ထွက်ပြေးပြီး တစ်ယောက်တည်းဆိုးလ်မြို့မှာ ကြိုးစားရုန်းကမ်းပြီး ရှေ့နေဖြစ်လာတဲ့သူမ ဖခင်သေဆုံးတာတောင် ရက်လည်ကိုမလာခဲ့တဲ့သူမ မထင်မှတ်တဲ့အကြောင်းရင်းကြောင့် ဖခင်ရဲ့စျာပနာမှု လူသတ်မှူဖြစ်ပွားခဲ့ပြီး သူမ မိခင်ကတော့ လူသတ်မှုသံသရရှိသူအဖြစ် တရားစွဲဆိုခံခဲ့ရပါတယ် မတရားမှုဆို လက်ပိုက်ကြည့်မနေနိုင်တဲ့ ဂျောင်ဆူကတော့ မိခင်ဖြစ်သူရဲ့ အမှုကို ရှေ့နေလိုက်ရာက မထင်မှတ်ထားတဲ့ အကြောင်းမျိုးစုံ, မြို့ တော်ဝန် ပါဝင်ပတ်သတ်နေတဲ့ ယုတ်မာလှတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကိုပါရှာတွေ့ခဲ့ပါတော့တယ် မိခင်ဖြစ်သူရဲ့လူသတ်မှုနဲ့ မြို့တော်ဝန်ရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိဦးမလဲ မိခင်ဖြစ်သူကရော တကယ် လူသတ်သမားလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ရှုစားရမှာဖြစ်ပါတယ်