Movie Name
Last Man Down (2021)
Year
2021
Generes
Action, Thriller
Code
EN0590
Type
Movie
Size
750 MB
Country
Hollywood
Description
လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပျက်သုဉ်းစေနိုင်လောက်တဲ့အထိ ဖျက်ဆီးခဲ့တဲ့ ရောဂါကပ်တစ်ခုမှာ ဇနီးသည်သေဆုံးသွားခဲ့ပြီးတဲ့နောက် အထူးတပ်ဖွဲ့စစ်သည်တော်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝုဒ်ဟာ သူ့တာဝန်ကိုစွန့်ပစ်ပြီး တောကြီးမျက်မည်းထဲမှာ တကိုယ်တည်းဘဝနဲ့ အသက်ဆက်နေပါတယ်။ နှစ်တစ်ချို့ကြာပြီးတဲ့နောက် ဒဏ်ရာတွေနဲ့ မိန်းမတစ်ယောက် သူ့ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးတဲ့နောက် ငြိမ်းချမ်းနေတဲ့သူ့ကမ္ဘာမှာ အပြောင်းအလဲတွေဖြစ်ဖို့ဖန်လာတာပါပဲ။ မာရီယာဂျွန်ဆင်ဆိုတဲ့အမျိုးသမီး၊ ဓာတ်ခွဲခန်းက အစမ်းသပ်ခံဘဝကနေ ထွက်ပြေးလာခဲ့သူ၊ ဒီကပ်ရောဂါကို ကုသနိုင်ဖို့အရေးမှာ သူ့သွေးဟာ အခရာဖြစ်တဲ့အတွက် ကြေးစားတပ်ဖွဲ့တွေက အသည်းအသန်အလိုရှိနေတဲ့ မိန်းကလေး။ သူ့နောက်ကိုလိုက်နေခဲ့တဲ့ ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ဟာ တစ်ချိန်က သူ့ဇနီးကိုသတ်ခဲ့တဲ့ ကမ္ဘာ့ရန် တပ်မှူး စတုန်းလဲဖြစ်နေတာကိုသိလိုက်တဲ့အချိန်မှာတော့ ဝုဒ်တစ်ယောက် ဒီမိန်းကလေးကိုဖြစ်တဲ့နည်းနဲ့ကယ်တင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သူနဲ့မိန်းကလေးနဲ့ နှစ်ယောက်က တစ်ဖက်၊ လက်နက်အင်အား လူအင်အားမယှဉ်သာအောင် တောင့်တင်းလှတဲ့ကြေးစားတပ်ဖွဲ့ကြီးကတစ်ဖက် ဒါတွေကိုရင်ဆိုင်ဖို့ဘယ်လိုရှေ့ဆက်စွန့်စားကြမလဲ။ ဇာတ်လမ်းကိုအရိုးရှင်းဆုံးပုံစံနဲ့တည်ဆောက်ထားပြီး အဲ့ဒီပေါ်မှာမှအက်ရှင်ခန်းတွေနဲ့ပဲတောက်လျှောက်ကြမ်းပြထားပါတယ်။ ၁၉၈၀၊၉၀ ဗန်ဒိန်းတို့ စတားလုံးတို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ အပစ်အခတ် အညှစ်အသတ် (အညစ်အပတ်လေးလဲ) မလွတ်တဲ့ ဇာတ်ကြမ်းပုံစံမျိုးဖြစ်ပါတယ်။