Movie Name
Chinese Doctors (2021)
Year
2021
Generes
Documentary, Drama
Code
CN0132
Type
Movie
Size
1.08 GB
Country
China
Description
Chinese Doctors (2021) Wuhanဆိုတဲ့ အမည်ကိုကြားလိုက်တာနဲ့ ကျွန်​တော်တို့ရဲ့အ​တွေးထဲမှာ ​နေရာတစ်ခုကိုတန်းပြီး ​ပြေးမြင်မိမှာပါ၊ ဟုတ်ပါတယ် ….. တစ်ကမ္ဘာလုံးက လူသန်း​ပေါင်းများစွာကို ဒုက္ခ​​ပေးခဲ့၊ ​ပေးဆဲဖြစ်တဲ့ Covid 19လို့​​ခေါ်တဲ့ ကမ္ဘာ့ကပ်​ရောဂါဆိုးကြီး စတင်​ပေါ်​ပေါက်ခဲ့တဲ့​နေရာပါ၊ ဒီရုပ်ရှင်က​တော့ Wuhan မြို့မှာ Corona virusစတင်​တွေ့ရှိချိန်ကစပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်မျိုးပါ၊ ရုပ်ရှင်လို့လည်း ဆိုနိုင်သလို Real footage ​တွေပါ ပြန်သုံးထားတဲ့အတွက် Documentary လို့​​လည်း သတ်မှတ်လို့ရနိုင်ပါတယ် ဒီရုပ်ရှင်ထဲမှာ ဒီ Virusက ဘယ်​လောက်ထိ​ကြောက်ဖို့​ကောင်းလဲ ​ရောဂါအ​ကြောင်း ဂဃနဏမသိ​သေးတဲ့ စမ်းတဝါးဝါးအချိန်မှာကတည်းက ဘယ်​လောက်ထိ ဒုက္ခ​ပေးနိုင်လဲဆိုတာ ကိုယ်တိုင်တကယ်ကြုံ​နေရသလို ခံစားရမယ်၊ ဇာတ်​ကောင်​တွေနဲ့အတူ စီး​မြောပြီး ရင်​​မောရပါမယ် ပြီး​တော့ ဆရာဝန်​တွေရဲ့ကျင့်ဝတ်နဲ့ ကိုယ်ကျိုးယှဉ်လာတဲ့အချိန်မှာ ဘယ်​လောက်ထိ ​ဝေခွဲရခက်တယ်၊ ​ရွေးရခက်တယ်ဆိုတာ မြင်နိုင်တယ်၊ အပြင်လူ​တွေသိဖို့ခက်တဲ့ ဆရာဝန်​တွေရဲ့ဘဝကို​​တွေ့ရမယ်၊ လူနာအသက်ကိုကယ်ဖို့ဆိုရင် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့ သမားဂုဏ်ကိုလည်း ​ပေါ်လွင်​အောင် ရိုက်ကူးပြထားတယ် Covidအ​ကြောင်းပဲလား၊ ဆရာဝန်​တွေရဲ့ရှု​ထောင့်ပဲလားဆိုရင် မဟုတ်ပြန်ပါဘူး၊ လူနာ​တွေရဲ့ ဘဝ​တွေ၊ မိသားစု​တွေရဲ့ ဇာတ်​ကြောင်း​တွေ၊ Panicဖြစ်လာချိန်မှာ အမြဲကြုံရတဲ့ လူ့သ​ဘောလူ့မ​နော​တွေကိုလည်း မလွတ်​စေရ​အောင်ရိုက်ကူးထားပြန်ပါတယ် ဒါ့အပြင် ရုပ်ရှင်တစ်ကားလုံးဟာ အ​ရေး​ပေါ်အ​ခြေအ​နေမှာ Covid 19ဆိုတဲ့ ​ရောဂါကြီးကို နဖူး​တွေ့ဒူး​တွေ့စမြင်ဖူးတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်လို့ Caseတိုင်းနီးပါးက အ​ရေး​ပေါ်အသက်ကယ်ရတဲ့ အ​ခြေအ​နေ​တွေချည်းပါပဲ၊ ဒီလိုCaseမျိုး​တွေမှာ ဘာလက္ခဏာ​တွေ​ပေါ်တတ်လဲ၊ ဘယ်လိုအသက်ကယ်နည်း​တွေသုံးတယ်၊ ဘယ်လို​ဆေး​တွေသုံးတယ်ဆိုတာကအစ တကယ့်အပြင်က အသက်ကယ်​ဆေးကုသနည်း​တွေကိုပါ ရှင်းရှင်းလင်းလင်းသ​ဘော​​ပေါက်​အောင်လည်း ရိုက်ပြထားပါတယ် ဇာတ်​​ကောင်တိုင်းဟာ အဓိက​ဇာတ်​ဆောင်ဖြစ်​နေတဲ့ ရုပ်ရှင်ဆိုတာ အရမ်းရှားပါတယ်၊ ဒီကားမှာက​တော့ ဆရာဝန်​တွေဟာလည်း ​ခေါင်း​​ဆောင်​မင်းသား၊ မင်းသမီး​တွေဖြစ်သလို လူနာ​တွေဟာလည်း ​ခေါင်း​ဆောင်​တွေပါပဲ၊ ဘယ်ရှု​ထောင့်ကပဲ ကြည့်ကြည့် ဇာတ်ကားထဲကလူတိုင်းက အ​ရေးပါအ​ရာ​​ရောက်​နေတဲ့သူ​တွေချည်းပါပဲ၊ သူတို့​တွေ​ပျော်တဲ့အချိန်ဆို ကိုယ်ပါဝင်​ပျော်မိသလို ဝမ်းနည်းပူ​​ဆွေးရတဲ့အခန်းဆိုရင် ကိုယ်တိုင်ဖြစ်​နေသလို လိုက်ပါခံစားရပြန်ပါတယ် တချို့ရုပ်ရှင်ကား​တွေက ရသပီပြင်​​အောင်ညွှန်းရတာခက်ပါတယ်၊ ကိုယ်တိုင်ခံစားကြည့်မှ ချိုချဉ်ငန်စပ်ခါး ရသာစုံကို ​တွေ့ရမှာပါ၊ ဒီရုပ်ရှင်ဟာလည်း ဒီလိုပါပဲ၊ Documentaryပုံစံ ဇာတ်ကားဖြစ်​ပေမယ့် ကြည့်ရှုသူနဲ့ စိတ်ခံစားချက်အ​ပေါ်လိုက်ပြီး ဗဟုသုတရနိုင်တဲ့ ဇာတ်ကားလည်းဖြစ်နိုင်သလို ရသအပြည့်အဝ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလည်း ဖြစ်သွားနိုင်ပါတယ်၊ ကြည့်ရှုတဲ့ ရှု​ထောင့်​ပေါ်မူတည်ပြီး ဝိဝါဒကွဲလွဲသွားနိုင်ပါတယ်၊ ဒါ​ပေမယ့် ​သေချာတာတစ်ခုက ဘယ်လိုရှု​ထောင့်နဲ့ပဲ ကြည့်ကြည့် ဒီရုပ်ရှင်ကားက အချိန်၂နာရီ ​ပေးရကျိုးနပ်​စေမယ့်၊ ကြည့်မိလို့ ​​နောင်တလုံးဝမရ​စေမယ့် ဇာတ်ကားဆိုတာကို​တော့ ​သေချာ​ပေါက်ညွှန်းဆိုနိုင်ပါတယ်