Movie Name
QUEENPINS (2021)
Year
2021
Generes
Comedy, Drama
Code
EN0592
Type
Movie
Size
1 GB
Country
Hollywood
Description
Queenpins(2021) အညွှန်း ********************* ဒီတစ်ခါကားလေးမှာတော့ Bebe Rexha နဲ့ Frozen ထဲကဇာတ်ကောင် Anna ရဲ့အသံသရုပ်ဆောင် Kristen Bell တို့ပါဝင်ထားပါတယ်….. ဥာဏ်များပြီးဇွဲရှိတဲ့ Connie Kaminski (Kristen Bell) ဟာ စျေးဝယ်ကူပွန်တွေစုပြီးအသုံးစရိတ်တွေကိုပါးပါးနပ်နပ်နဲ့လျှော့ချတတ်ပါတယ် …. တစ်နေ့သူအကြံရလာတာကတော့…. စျေးဝယ်ကူပွန်တွေကို ပုံနှိပ်စက်ရုံကနေခိုးထုတ်ပြီး အွန်လိုင်းကနေ ဝက်ဘ်ဆိုဒ်ထောင်ကာ အလကားရလာတဲ့ကူပွန်တွေကို တစ်ဝက်စျေးနဲ့ပြန်ရောင်းတာပေါ့ … ဟက်ကာမ သူငယ်ချင်းတစ်ယောက်နဲ့ ဘော်ဒါတစ်ယောက်ပါ သူ့လုပ်ငန်းထဲပါဝင်လာခဲ့တယ်… ဒီလောကထဲမှာ အတော်အတန်ကျင်လည်ပြီးနောက် သူတို့တွေဟာ ဈေးကွက်ကိုကြီးစိုးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုပါ အပီအပျင်ဗျင်းဖို့ ကြိုးစားလာတဲ့အခါမှာတော့… သူတို့ဘယ်လောက်ထိအောင်မြင်မလဲ…. ရဲတွေနဲ့ရော ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ…. ဒီကားက အမျိုးသမီးတွေကို အဓိက ဇာတ်အိမ်တည်ထားပြီး တော်တော်ကိုမြိုင်ဆိုင်ပါတယ်… ဘက်ဂျင်လည်း တော်တော်လေးသုံးထားလို့ ဒေါင်းကြည့်တဲ့သူတွေအဖို့ အပန်းဖြေဖို့ရာ ထိုက်တန်စေတဲ့ကားတစ်ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ