Movie Name
မေ့မရတဲ့အချစ် (Ya Luem Chan) (2014)
Year
2014
Generes
Drama, Romance
Code
MST010
Type
Series
Size
7.73 GB
Country
Thai
Description
ထိုင်းနိုင်ငံမှာအရမ်းနာမည်ကြီးပြီး Rating အများကြီးနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးပါ 😍 ပါဝင်တဲ့သူတွေကလည်းထိပ်ထိပ်ကြဲ နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Jesdaporn နဲ့ AnneThong တို့က ပါဝင်ထားပြီး Slap kiss အပြင်းစားတွေနဲ့ Romance အချစ်ဇာတ်လမ်းကောင်းလေးဖြစ်တာမို့ ယူတို့တွေအကြိုက်ဖြစ်မှာသေချာပါတယ်ရှင့်❤️ ဇာတ်လမ်းအကျဉ်းလေးကတော့ .... ကောလိပ်တက်နေတဲ့ လူငယ်နှစ်ယောက်ဖြစ်တဲ့ ဝတီနဲ့ ခမ်ချတ်တို့ဟာ သူတို့နှစ်ယောက်ရဲ့အချစ်တွေကို အချစ်နဲ့ကတိစကားတို့ကို ကိုယ်စားပြုတဲ့ Forget me not ပန်းလက်စွပ်လေးကိုသက်သေထားပြီး "အမြဲအတူရှိကြမယ် ကိုယ့်ကိုချစ်နေသေးတယ်ဆိုရင် ဒီလက်စွပ်လေးကိုထာဝစဉ်ဝတ်ထားပါ ဒါပေမယ့် အချစ်တွေပျက်သုန်းသွားတဲ့ တစ်နေ့ကျရင်တော့ လက်စွပ်လေး ကိုချွတ်ပစ်လိုက်ပါ" ဆိုပြီး ကတိကဝပ်ပြုခဲ့ကြတယ် .... တစ်နေ့မှာ မိသားစုပြဿနာကြောင့် ဝတီဟာ ခမ့်ကိုနှုတ်ဆက်စကားတောင်မပြောပဲပျောက်ကွယ်သွားခဲ့တယ် .... ဝတီပျောက်ကွယ်သွားပြီး ကြီးကြီးတက်ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးနဲ့လက်ထပ်သွားတယ်ဆိုတဲ့သတင်း ကို ခမ်တစ်ယောက် ကြားသိလိုက်ရပြီးသူ့ကိုယ်သူပြောင်းလဲဖို့ကြိုးစားခဲ့တယ် .... အမုန်းတရား အငြှိုးအတေးတွေနဲ့ ကြိုးစားလာရင်းအရမ်းကိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်သွားခဲ့တယ် .... ခမ်ဟာအတိတ်ရဲ့ဒဏ်ရာကြောင့် ဘယ်မိန်းကလေးကိုမှ မချစ်တတ်ခဲ့ဘူး .... တစ်နေ့ ဝတီဟာ စုရီရွန်နာမည်နဲ့ ကလေးနှစ်ယောက် အမေအဖြစ် ခမ့် ကုမ္ပဏီမှာ အတ္ငင်းရေးမှူးတစ်ယောက် အနေနဲ့ အလုပ်လာလျှောက်ရင်း ခမ့်ဘဝထဲတဖန် ပြန်ရောက်လာခဲ့တယ် .... စုရီရွန် ပြန်ရောက်ရှိလာခဲ့ခြင်းဟာ ခမ်ရဲ့အချစ်အတွက်လက်စားချေခြင်းကအစပျိုးလာခဲ့တယ် .... ခမ်ချတ်က စုရီရွန်မျက်နှာတောင်မမြင်ချင်လောက်အောင်မုန်းတီးနေပေမဲ့ လက်စားချေဖို့သူရည်ရွယ်ချက်တစ်ခုနဲ့စုရီရွန် နားရောက်အောင်ပြန်ချဉ်းကပ်ခဲ့တယ် .... ဘယ်တော့မှပြန်နလန်မထူနိုင်တဲ့ ဒဏ်ရာများစွာနဲ့ နှလုံးသားနှစ်ခုကပိုပြီးထိခိုက်မှုတွေရှိလာတဲ့အခါချစ်ခြင်းမေတ္တာကိုပိုနားလည်လာခဲ့ကြတယ် .... တခြားတစ်ယောက်နဲ့လည်း မချစ်နိုင်ပဲ တစ်ယောက်ကိုယ်တစ်ယောက်လည်းမခွဲနိုင်တဲ့ သူတို့နှစ်ယောက်ဟာ ဒီအချစ်ရဲ့စမ်းသပ်ချက်တွေကို ကျော်လွှားနိုင်သွားကြမလား ထာဝရဝေးကွာသွားကြမလားဆိုတာတော့ Thai Drama Entertainment Page မှာ စောင့်မျှော်ရူ့စား အားပေးကြပါအုံးရှင်😍