Movie Name
Sunny (2021)
Year
2021
Generes
Drama
Code
IND0163
Type
Movie
Size
898 MB
Country
Bollywood
Description
Sunny (2021) Sunny တစ်ယောက် ပြဿနာတစ်ခုကနေ ရှောင်ရှားဖို့ ဒူဘိုင်းကနေ ထွက်လာခဲ့ပါတယ်။ Covidရောဂါပိုး ကူးစက်ပျံ့ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် Grand Hyattဟိုတယ်မှာ quarantineဝင်ရပါတယ်။ ကျန်းမာရေးဋ္ဌာနက ချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လိုက်နာနေထိုင်ဖို့ ဟိုတယ်က ခံဝန်ကတိထိုးခိုင်းထားပါတယ်။ စီးပွားရေးပြဿနာအပြင် မိန်းမဖြစ်သူနဲ့ပါ အဆင်မပြေဖြစ်လာတဲ့ Sunnyဟာ ဟိုတယ်ခန်းထဲမှာပဲ ၇ရက်လုံးနေဖို့ အဆင်မပြေဖြစ်နေပါတယ်။ Sunnyဟာ သူ့ရဲ့ဂယောက်ဂယက်ဖြစ်နေတဲ့စိတ်ကို ထိန်းချုပ်ဖို့ ဟိုတယ်ဝန်ထမ်းတစ်ယောက်ကို အရက်တစ်ပုလင်းလာပို့ပေးဖို့ပြောပါတယ်။ Quarantineဝင်နေစဉ်ကာလအတွင်း အရက်သောက်ခွင့်မပြုဖို့ ဟိုတယ်ကလည်း စည်းကမ်းထုတ်ထားပါတယ်။ Sunnyဟာ အရက်သောက်ရဖို့အတွက် မရမကကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးတော့ Sunnyဟာ ကြံရာမရတဲ့အဆုံး ရဲအရာရှိ Sadasivan Nairကို အရက်တစ်ပုလင်းလောက် စီစဉ်ပေးဖို့အကူအညီတောင်းပါတယ်။ ရဲအရာရှိကလည်း Sunnyရဲ့စိတ်ဂယောက်ဂယက်ဖြစ်တာကို ကူညီပေးဖို့ Dr.Eilieနဲ့ ဆက်သွယ်ပေးလိုက်ပါတယ်။ Dr.Eilieက Sunnyခံစားနေရတဲ့ ရောဂါဝေဒနာကို ကုသပေးဖို့ အလှသစ်ပင်လေးတစ်ပင်ကို Sunnyအတွက် လက်ဆောင်ပို့ပေးလိုက်ပါတယ်။ Quarantine ကာလ ၇ရက်အတွင်းမှာ Sunnyရဲ့ဂယောက်ဂယက်ဖြစ်နေတဲ့စိတ်ကို ဘယ်လိုထိန်းချုပ်မလဲ? Sunnyရဲ့နောက်ကြောင်းမှာ ဘာတွေဖြစ်ပျက်ကြုံတွေ့ခဲ့လဲ? နောင်တများစွာနဲ့ Sunnyဟာ သူ့ဘဝကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ…