Movie Name
Master's Sun (လချစ်သောနေ)
Year
2013
Generes
Comedy, Drama, Fantasy, Horror
Code
SKR0359
Type
Series
Size
1.71 GB
Country
Korea
Description
လချစ်သောနေ Master Sun (2013) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Comdey,Romance,Horror, Supernaturalအမျူ ိးအစားလေးဖြစ်ပြီး My Girl,You are Beautiful,Gumihoတို့ Hwayugi တို့အစရှိတဲ့နာမည်ကြီးဇာတ်လမ်းတွေရေးခဲ့တဲ့ Hong sisters ရဲ့အောက်မြင်မှုသရဖူဆောင်းနိုင်ခဲ့တဲ့ ကားတွေကတကားဖြစ်ပြီး ostလေးတွေလဲအရမ်းကောင်းတဲ့အပြင် My Dramalist မှာ 8.8အဆင့်ထိရှိခဲ့ပါတယ် ဒါ့အပြင်ဒီဇာတ်လမ်းထဲကမင်းသမီးရဲ့အသုံးအဆောင်တွေ ရောင်းအားသွက်တဲ့အထိတော်တော်လေးအောင်မြင်ခဲ့ပါတယ် သရုပ်ဆောင်များအနေနဲ့ကတော့ Glass Slipper(ဖန်ခြေနင်းနဲ့ယမင်းရွှေဇင်)ကားနဲ့ လူသိများထင်ရှားခဲ့တဲ့ မင်းသားချော So Ji Sub မင်းသမီးအနေနဲ့ကတော့ Thank You (ကျေးဇူးတင်ပါတယ်)နဲ့ လူသိများခဲ့ပြီး Pasta,The Greatest Love, It's Okay,That's Love,Producers, Jealousy Incarnate ထဲကမင်းသမီးချော Gong Hyo Jin ဒါ့အပြင်Shopping King Louie,Hello Monster ထဲက မင်းသားချော Seo In Guk Kill Me Heal Me,My Love Eun Dong, Marriage Contract ထဲကမင်းသမီးKim Yoo Ri တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် -------------------->ဇာတ်လမ်းအကျဉ်း<--------------------- ငယ်ငယ်က ကားမတော်တဆတစ်ခုဖြစ်ပြီး သရဲ တစ္ဆေတွေကို မြင်နေရသူလေး ... သရဲတွေရဲ့မသေခင်ကလိုအင်ဆန္ဒများကို ကူညီဖြေရှင်းပေးလို့ သရဲတွေရဲ့တကောက်ကောက်လိုက် အကူအညီတောင်းခံရသူ ဒါကြောင့်ပဲ အလုပ်ပျက် အကိုင်ပျက် အိပ်ရေးပျက်ရနေရသူ မိန်းမချောလေး Tae Gong Shil (Tae Yang) ငယ်ငယ်ကပြန်ပေးဆွဲခံရပြီး ချစ်ရသူ သေဆူံးခဲ့ရတယ် ထိုအချိန်မှစ စာဖတ်မရတော့သည့်ဝေဒနာကိုခံစားခဲ့ရသူ သရဲတစ္ဆေတွေကိုအယုံအကြည်မရှိသူ ဘုဆက်ဆက်အချေ သူဋ္ဌးလေး Joo Jong Woon မိုးရွာနေတဲ့တစ်နေ့ Tae Gong Shil တယောက် သရဲတကောင်ကိုကူညီပြီးအပြန် လမ်းမှာတွေ့တဲ့ကားကိုတားရင်း Joo Jong Woon ဆီမှာကားကြုံ လိုက်စီးခဲ့တယ် နောက်ထပ်အမှတ်မထင်တွေ့မိတဲ့သရဲကြောင့် ကြောက်လန့်တကြား Jong Woon ရဲ့လက်ကို ကိုင်မိသွားခဲ့တယ် Jong Woon ရဲ့အသားကိုထိမိတဲ့အချိန်မှာ သရဲတွေပျောက်သွားတာကြောင့် Gong Shil တယောက် Jong Woon ရဲ့အနားမှာ နေဖို့ဘယ်လိုတွေကြိုးစားရင်း ဘယ်လိုတွေလွဲမယ် ဆိုတာတော့.....