-
Movie Name
-
ကျွန်တော်ရဲ့ သတို့သမီးလောင်း ( Kor Pen Jaosao Suk Krung Hai Cheun Jai )
-
Year
-
2015
-
Generes
-
Drama
-
Code
-
ST0370
-
Type
-
Series
-
Size
-
6.89 GB
-
Country
-
Thai
-
Description
-
"ကျွန်တော်ရဲ့ သတို့သမီးလောင်း " 👰💛
မြန်မာစာတန်းထိုး (စ/ဆုံး)
ဇာတ်ကားနာမည်ကတော့ Kor Pen Jaosao Suk Krung Hai Cheun Jai လို့ခေါ်ပြီးတော့ 2015 ခုနှစ်တုန်းက Ch3 ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့ပြီး ဇာတ်သိမ်းမှာ rating 7.1 ထိရခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
Native Title: ขอเป็นเจ้าสาวสักครั้งให้ชื่นใจ
Also Known As: Can I Be Your Bride Just This Once for My Heart's Content
Type: Drama
Episodes: 13
Aired: Aug 28, 2015 - Sep 25, 2015
Original Network: Channel 3
Casts
ပွန်း အဖြစ် Great Warintorn
ဝီဝါး အဖြစ် Matt Peranee
လုမ်(ခ)လာပစ် အဖြစ် Alex Teeradetch
မူကရင် အဖြစ် Ratchawin Wongviriya
ဇာတ်လမ်းအကျဥ်း
ဝမ်ဝီဝါး (Matt) ဆိုတဲ့မိန်းကလေးက အရမ်းချမ်းသာတဲ့ Wannadumrong မိသားစုရဲ့မြေးတစ်ယောက်ဖြစ်ပြီးတော့ ငယ်ငယ်ကတည်းကသူချစ်ရတဲ့သူနဲ့ဘဝမှာတစ်ကြိမ်တစ်ခါလက်ထပ်ချင်ခဲ့တဲ့စိတ်ကူးယဉ်ဆန်တဲ့သူတစ်ယောက်ပါ။သူမရဲ့စိတ်ကူးအိမ်မက်အတိုင်း Wanwaiwa Wedding ဆိုတဲ့ မင်္ဂလာဝတ်စုံပြခန်းကိုဖွင့်ထားတဲ့သူပေါ့
ပွန်း (Great) ဆိုတဲ့ကောင်လေးကတော့ငယ်ငယ်တုန်းကတည်းကသူ့ရဲ့မိသားစုဝင်တွေအားလုံးဟာမီးလောင်တဲ့အထဲမှာပါသွားပြီးဆုံးပါးသွားကြတဲ့အတွက်ကြောင့် မိဘမဲ့တစ်ကောင်ကြွက်ဖြစ်သွားခဲ့ရပါတယ် ဒါကြောင့်ဝီဝါးရဲ့အဘိုးဂျာရန်က ပွန်းအဖေရဲ့အပေါ်မှာတင်နေတဲ့ကျေးဇူးကြွေးတွေပြန်ဆပ်ဖို့ရှိတဲ့အတွက်ကြောင့် ပွန်းကိုသူ့သားအဖြစ်မွေးစားဖို့ခေါ်လာခဲ့ပါတယ်
အဘိုးဂျာရန်(Matt အဘိုး)ရဲ့ညီမဖြစ်သူအဘွားပရင်ဖောင်ကလဲ ပွန်း ဟာ Wannadumrong မိသားစုရဲ့အမွေတွေကိုအပိုင်စီးမယ့် သွေးမတော်သားမစပ်တဲ့လူဆိုပြီးတော့ အမြဲတမ်း ဝီဝါးနားထဲမှာစွဲနေအောင်ရိုက်သွင်းခဲ့တဲ့အတွက်ကြောင့် ဝီဝါးဟာပွန်းကိုဘယ်တော့မှအကောင်းမမြင်ခဲ့ပါဘူး
အဘိုးဂျာရန်ဆုံးပါးသွားတဲ့နောက် ဝီဝါးရလာမယ့်အမွေတွေကိုမက်မောပြီးတော့ လုမ်ဆိုတဲ့ (Alek) ရဲ့အမေကသူ့သားနဲ့အတင်းလက်ထပ်ရအောင် ကြံစည်ခဲ့ပါတယ်
တစ်နေ့မှာတော့ ပွန်း (Great) ကိုကပ်နေတဲ့ နာမည်ကြီးဆယ်လီတယောက်ဖြစ်တဲ့ မူကရင်(Ratchawin)နဲ့ ဝီဝါး(Matt) တို့နှစ်ယောက်ဟာ တစ်နေ့တည်း တစ်ချိန်တည်းမှာပဲ မတော်တဆမှုတွေဖြစ်ခဲ့ကြပါတယ်
မတော်တဆမှုတွေဖြစ်ပြီးနောက်ပိုင်းဘယ်လိုတွေ ဆက်ဖြစ်လာအုန်းမှာလဲ
အဘိုးဂျာရန်ရဲ့အမွေတွေကိုတကယ်ပဲဝီဝါး ပိုင်ဆိုင်ရမှာလား ဝီဝါးကရော ငယ်ငယ်ကတည်းက သူသဘောကျနေခဲ့ရတဲ့ လုမ်နဲ့လက်ထပ်ဖြစ်မှာလားဆိုတာသိရအောင်
" ကျွန်တော်ရဲ့သတို့သမီး" ဇာတ်လမ်းတွဲမှာ
စောင့်မျှော်ကြည့်ရှုကြရအောင်နော်