Movie Name
Call Me By Your Name (2017)
Year
2017
Generes
Drama, Romance
Code
EN0599
Type
Movie
Size
946 MB
Country
Hollywood
Description
Call me by your name ကားလေးကတော့ IMDb 8.5 ရထားတဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ U.S မှာရုံတင်ထားတဲ့ကားလေးပါ ၁၉၈၃ ခုနှစ်အချိန် အီတလီမြောက်ပိုင်းမှာ ရှေးဟောင်းယဉ်ကျေးမှုသုတေသန ပါမောက္ခ ပါမန်ဟာ သူ့တပည့် အမေရိကန်နိုင်ငံသား အိုလီဗာကိုအိမ်ကိုလာရောက်ပြီး ရှေးဟောင်းရုပ်ထုများအကြောင်းလေ့လာစာအုပ်ပြုစုရန် ဖိတ်ခေါ်လိုက်ပါတယ် ပါမောက္ခပါမန်မှာ”အေလီယို”လို့ခေါ်တဲ့သားတစ်ယောက်ရှိပါတယ် အေလီယို ဟာ အိုလီဗာကိုသူ့အခန်းပေးလိုက်ရပြီး သူကတော့ဘေးကအခန်းကိုပြောင်းပေးခဲ့ရပါတယ် အေလီယိုဟာ နွေရာသီမှာစာအုပ်ဖတ်ခြင်း၊ သီချင်းရေးခြင်းတို့နဲ့အချိန်ကုန်တတ်ပါတယ် အေလီယိုနဲ့ အိုလီဗာဟာ နောက်ပိုင်းမှာတော့ ရေအတူတူကူးတယ်၊မြို့ထဲစက်ဘီးစီးတယ်၊သူ့အဖေကိုအဖော်ပြုပြီး ရှေးဟောင်းရုပ်ထုတွေကိုလေ့လာပါတယ် အေလီယို ဟာသူ့ကောင်မလေး မာစီယာနဲ့ အတူတူနေနေပေမယ့်လဲ သူဟာ အိုလီဗာရဲ့ဆွဲဆောင်ခြင်းကိုခံနေရတယ်လို့ သူ့ကိုသူသိလာခဲ့ပါတယ် တစ်နေ့မှာတော့ အေလီယိုကပဲ သူ့ခံစားချက်တွေကို အိုလီဗာကို ဖွင့်ပြောခဲ့ပါတယ် အိုလီဗာဟာလဲ အေလီယိုကအစကတည်းကသဘောကျနေခဲ့တာပါ ဒီလိုနဲ့သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိတ်တိတ်ပုန်းချစ်တင်းနှောခဲ့ကြပါတယ် အေလီယိုကလဲ သူ့ကောင်မလေး မာစီယာကိုရှောင်နေလိုက်ပါတော့တယ် ဒါပေမယ့် သူတို့နှစ်ယောက် ထာဝရလက်တွဲသွားနိုင်ပါ့မလား… မိဘတွေရဲ့သဘောထားတွေရဲ့သဘောထားတွေ၊ သဘာဝကိုဖီဆန်တယ်ဆိုတဲ့လူတွေရဲ့ အတွေးတွေကိုကျော်ဖြတ်နိုင်ပါ့မလားဆိုတာ……