Movie Name
The Fox Fairy မြေခွေးနတ်သမီးရဲ့ချစ်ဒဏ္ဍာရီ(2021)
Year
2021
Generes
Fantasy, Romance
Code
CN0135
Type
Movie
Size
1.25 GB
Country
China
Description
ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးသွားမယ့်ကားလေးကတော့ မတူညီတဲ့လောကနှစ်ခုက လူနှစ်ယောက်ကြားမှာ ပေါ်ပေါက်လာမယ့် ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ Romanceကိုမှမအီအောင် ဟာသနှောထားတဲ့ Comedyအမျိုးအစားဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းနာမည်ကိုတော့ "မြေခွေးနတ်သမီးလေးရဲ့ ချစ်ဒဏ္ဍာရီ" ( The Fox Fairy)လို့ပေးထားပါတယ် ဇာတ်လမ်းအညွှန်း လူ့လောကကို ကျေးဇူးကြွေးဆပ်ဖို့ရောက်လာတဲ့ အမြီးကိုးချောင်းမြေခွေးနတ်သမီးလေးရှကျိုးရန် အရည်အချင်းရှိပြီး ထက်မြက်ပေမယ့် သွေးအေးတဲ့ ရေခဲတုံးနှလုံးသားပိုင်ရှင်လေး စစ်သူကြီးကုယွင်ဖန် မြေခွေးနတ်သမီးလေးရှကျိုးရန်တစ်ယောက် လူ့ပြည်ကို သူ့ရဲ့ကျေးဇူးကြွေးဆပ်ဖို့ရောက်လာရင်း သွေးအေးတတ်တဲ့စစ်သူကြီးကုယွင်ဖန်နဲ့ လက်ထပ်ဖို့ အခြေအနေဖန်လာတဲ့အခါ မချစ်ဘဲလက်ထပ်လိုက်ရတဲ့ သူတို့နှစ်ဦး လက်ထပ်ပြီးနောက်ရော သူတို့နှစ်ဦးကြား ချစ်ခြင်းတရားတွေက ပေါက်ဖွားလာပါ့မလား မြေခွေးနတ်သမီးက စစ်သူကြီးရဲ့ရေခဲတုံးလိုနှလုံးသားကိုအရည်ပျော်အောင် ဘယ်လိုလှည့်ကွက်သုံးမလဲ မျိုးနွယ်မတူနဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းကရော ပန်းခင်းလမ်းတွေလို ချောမွေ့နိုင်မယ်လို့မထင်ပါနဲ့ လောကဓံရဲ့ ရိုက်နက်မှုတွေကြောင့် မြေခွေးမလေးက သူ့အမျိုးသားလေးကို ကယ်တင်ဖို့အတွက် သူ့အသက်ကို စွန့်လွှတ်ရဖို့ဖြစ်လာတဲ့အခါ သူဘယ်လိုရွေးချယ်မလဲ သူ့ရွေးချယ်မှုရလဒ်ကရော ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ မကြာခင် Soulkingdom မှာ အကောင်းဆုံးရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ဘာသာပြန်တင်ဆက်မှု FB link တယ်လီလင့်ခ်ချန်နယ်အစုံဖြင့် တင်ဆက်ပေးသွားပါမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါ ဒီကားလေးတွင် ရေခဲတုံးနှလုံးသားပိုင်ရှင် စစ်သူကြီးကုယွင်ဖန် အဖြစ် Chen Xin Zhe ချစ်စရာမြေခွေးနတ်သမီးလေး ရှကျိုးရန်အဖြစ် Dan Niတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်