-
Movie Name
-
Madres (2021)
-
Year
-
2021
-
Generes
-
Action, Horror
-
Code
-
EN0604
-
Type
-
Movie
-
Size
-
855 MB
-
Country
-
Hollywood
-
Description
-
Beto နဲ့ Diana တို့ဟာ ဘက်တာရဲ့မိဘလုပ်ငန်းတွေရှိတဲ့ ကယ်လီဖိုးနီးယားကိုပြောင်းရွှေ့လာကြတယ်။ လယ်တောထဲက အိမ်ကြီးအကြီးကြီးထဲမှာ သူတို့လင်မယားနှစ်ယောက် အတူနေထိုင်ကြပါတယ်။ သူတို့လင်မယားနှစ်ယောက်ဟာ ပထမဆုံးရင်သွေးလေးမွေးဖွားဖို့ အရမ်းစိတ်ဆန္ဒပြင်းပြနေကြပါတယ်။
တစ်နေ့မှာတော့ Dianaရဲ့ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့အဖုအပိန့်တွေထွက်လာပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ သူတို့မတိုင်ခင် ဒီအိမ်မှာနေသွားတဲ့ Teresa ရဲ့ မှတ်တမ်းစာအုပ်တစ်ခုကို Diana ရှာတွေ့သွားပါတယ်။ အဲ့ဒီစာအုပ်ထဲမှာရေးသားထားတဲ့အကြောင်းအရာတွေက လူတွေရဲ့ခန္ဓာကိုယ်မှာ အဖုအပိန့်တွေပေါက်တာဟာ ကောက်ပဲသီးနှံတွေမှာသုံးတဲ့ ပိုးသတ်ဆေးကြောင့်ဆိုတာ Diana သိသွားပါတယ်။
ခင်ပွန်းဖြစ်သူ Betoကိုပြောပြပေမယ့်လည်း Diana ဟာ လယ်ကွင်းထဲကိုတစ်ခေါက်မှမရောက်ဖူးတာကြောင့် Diana ပြောစကားကို လက်မခံပေးခဲ့ပါဘူး။ Diana ကျိန်စာမိတယ်လို့ပဲ အားလုံးကထင်ကြေးပေးကြပါတယ်။ Diana ရခဲ့တဲ့ထူးဆန်းတဲ့ အဖုအပိန့်တွေဟာ ပိုးသတ်ဆေးကြောင့်ဖြစ်တာလား ဒါမှမဟုတ် ရွာသားတွေပြောသလို အမှန်တကယ်ကျိန်စာသင့်နေတာလား သူတို့ကလေးလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်….
Review by Maymie Kyaw