Movie Name
VHS 94(2021)
Year
2021
Generes
Horror, Thriller
Code
EN0606
Type
Movie
Size
1.44 GB
Country
Hollywood
Description
Horrorချစ်သူတို့အကြိုက် V.H.S (Video Home System) ရုပ်ရှင်အသစ်စက်စက်လေးတစ်ခု ထပ်ပြီးတော့ ထွက်ရှိလာပြန်ပါပြီနော်။ ဒီတစ်ခါမှာလည်း V.H.Sရဲ့ထုံးစံအတိုင်း ထိတ်လန့်ကျောချမ်းစရာကောင်းတဲ့ အဖြစ်အပျက်တွေကို videoရိုက်ကူးထားတဲ့ပုံစံနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။ အခုV.H.S 94 မှာလည်း မတူညီတဲ့ဇာတ်လမ်း ၅ ပိုင်း ပါဝင်မှာပါ။ Video tapeတစ်ခုကိုခြေရာခံရင်း အလောင်းတွေစုပြုံနေတဲ့ နေရာတစ်ခုကိုရောက်ရှိသွားတဲ့ SWAT အဖွဲ့ ၊ Rat Manဆိုပြီး လူပြောများနေတဲ့ Urban legendကြီးဟာ တကယ်တော့ သနားစရာလူတစ်ယောက်ဖြစ်ကြောင်း သတင်းတင်ဆက်ချင်တဲ့ သတင်းထောက်မလေးနဲ့ ရေဆိုးမြောင်းထဲက လျှို့ဝှက်ဂိုဏ်းတစ်ခု ၊ နာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ရင်းနဲ့ အလောင်းနဲ့ ၂ ယောက်တည်းကျန်ခဲ့တဲ့ကောင်မလေး ၊ လူတွေနဲ့ စက်ပစ္စည်းတွေကို ပေါင်းစပ်တီထွင်ရတာကို အတန်ငယ်crazyဖြစ်နေတဲ့ စိတ္တဇသိပ္ပံပညာရှင် ၊ နောက်ဆုံးအနေနဲ့ စစ်စခန်းတစ်ခုထဲက ထိတ်လန့်စရာအဖြစ်အပျက်တစ်ခု… ကဲ အခုအကြမ်းပြောပြထားတဲ့ ဇာတ်လမ်း ၅ ခုဟာ ဘယ်လိုတွေကျောချမ်းတဲ့ခံစားချက်တွေ ပေးစွမ်းမလဲဆိုတာ သိချင်ရင်တော့ ဒီရုပ်ရှင်လေးကို နားကြပ်လေးနဲ့မီးပိတ်ရင်းခံစားဖို့ အကြံပြုလိုက်ပါတယ်နော်။