-
Movie Name
-
Upcoming Summer (2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
CN0137
-
Type
-
Movie
-
Size
-
1.07 GB
-
Country
-
China
-
Description
-
ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကို
သိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီ
ဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ်
သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့ …
ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲ
တစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့
စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့
အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့
တွေ့ဆုံပုံလေးကတော့… ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲ
သူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှ
ာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီး
မိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကို
လက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်
ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့
လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ်
ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကို
ထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်
ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော်