Movie Name
Under Wraps(2021)
Year
2021
Generes
Comedy
Code
EN0607
Type
Movie
Size
929 MB
Country
Hollywood
Description
ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ Family Movie လေးတစ်ခုဖြစ်တဲ့ Under Wraps ဆိုတဲ့ ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်။ ၁၉၉၇ တုန်းကတော့ ဒီဇာတ်အိမ်နဲ့ပဲ တစ်ကားထွက်ရှိဖူးပါတယ်။ ဒီကားကတော့ ၂၀၂၁ မှာ အသစ်ထွက်လာတာလေးပေါ့။ Marshall ဆိုတဲ့ကောင်လေးနဲ့ Gilbert ဆိုတဲ့ ကောင်လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါ။ ဖြစ်ချင်တော့ Marshall က သရဲနဲ့ပတ်သက်ရင် အကုန်သဘောကျပြီး Gilbert ကတော့ လူရော၊ သရဲရော ကြောက်လို့ရတာဆို အကုန်ကြောက်တဲ့ကောင်လေးပေါ့။ ဒီလိုမျိုးအသွင်းမတူတဲ့ သူငယ်ချင်းနှစ်ယောက်ဆီကို နောက်ထပ်သူငယ်ချင်းကောင်မလေး Amy ကရောက်လာပါတယ်။ Amy ကလည်း Marshall လိုပဲ သရဲနဲ့ပတ်သက်တာတွေဆို အကုန်သဘောကျတော့ Gilbert တစ်ယောက်က အရာရာတိုင်းကို ကြောက်လည်းလိုက်လုပ်ပေးနေရတာပေါ့။ တစ်နေ့ကျတော့ ဒီကလေးသုံးယောက်က မမျှော်လင့်ပဲ နှစ် ၄၀၀၀ သက်တမ်းရှိတဲ့ မံမီတစ်ကောင်နဲ့သွားဆုံပြီး ကလေးတို့ သဘာဝအတိုင်း မံမီတစ်ကောင်နဲ့ ဗရုတ်ကျမယ်ဆိုပါတော့။ အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ၁၉၉၇ ခုနှစ်က ကားကို Remake ပြန်လည်ပြီး ရိုက်ကူးထားတာဆိုပေမဲ့ ကျွန်တော်ကတော့ မကြည့်ဖူးတဲ့အတွက် ဒီကားလေးကို မဆိုးဘူးလို့ပဲထင်ပါတယ်။ ဒါပေမဲ့ ဒီလိုကားမျိုးက ကလေးတွေကို ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ထိတ်လန့်စရာကောင်းတဲ့ အခန်းတွေတော့ပါဝင်မှာမဟုတ်ဘဲ မိသားစုတွေပျော်ပျော်ပါးပါးနဲ့ ကြည့်လို့ရမယ့် ဇာတ်ကားလေး တစ်ကားလို့ပဲ ညွှန်းပါရစေ။