Movie Name
Survive The Game (2021)
Year
2021
Generes
Action, Crime, Thriller
Code
EN0608
Type
Movie
Size
802 MB
Country
Hollywood
Description
ဒီတစ်ခါမှာတော့ မင်းသားကြီး Bruce Willis ရဲ့ အသစ်ထွက်ထားတဲ့ Action ကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ် မင်းသားကြီးရဲ့ ဇာတ်ကောင်က ဇာတ်လမ်းထဲမှာ ဒေးဗစ်ပါ ၊ စုံထောက်တစ်ယောက်ပေါ့ ၊ သူနဲ့ သူ့ရဲ့ လူငယ်ပါတနာ ကယ်လ်ဟာ ဆေးဝါးကုန်ကူးနေကြတဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို ခြေရာခံခဲ့ကြတာ နှစ်နဲ့ချီနေပြီ ဖြစ်ပါတယ် ၊ နောက်ဆုံးတော့ သူတို့တွေကို ဖမ်းမိနိုင်မယ့်အခွင့်အရေး ရလာခဲ့ပါတယ် ၊ သူတို့နှစ်ဦးဟာ လူဆိုးဂိုဏ်းနဲ့ ပစ်ကြခတ်ကြရင်း ဒေးဗစ်က ဒဏ်ရာရ ကျန်ခဲ့ပြီး လူဆိုးဂိုဏ်းလက်ထဲမှာ ကျန်ခဲ့ပါတော့တယ် ၊ ကယ်လ်ကတော့ ထွက်ပြေးသွားတဲ့ လူဆိုးတွေနောက်ကို လိုက်ရင်းနဲ့ ခြံကြီးတစ်ခြံထဲကို ရောက်သွားပါ‌တော့တယ် အဲဒီခြံပိုင်ရှင်ကတော့ မကြာသေးမီက ချစ်လှစွာ‌သော ဇနီးနဲ့ သမီးကို ဆုံးရှုံးထားရတဲ့ အဲရစ်ပဲ ဖြစ်ပါတယ် ၊ နောက်တော့ ကျန်တဲ့ လူဆိုးတွေပါ အဲဒီခြံထဲ ရောက်လာလို့ ကယ်လ် နဲ့ ‌အဲရစ်ဟာ ခြံကြီးထဲမှာ ပတ်ပြေးနေရပါတော့တယ် ၊ ဇနီး နဲ့ သမီးကို ဆုံးရှုံးထားရလို့ အသက်ရှင်နေရတာ အဓိပ္ပါယ်မရှိသလို ဖြစ်နေတဲ့ အဲရစ် နဲ့ ဒေး‌ဗစ်ရဲ့ ပါတနာ ကယ်လ် တို့ နှစ်ဦး ပေါင်းပြီး လူအများကြီးရှိတဲ့ လူဆိုးဂိုဏ်းရဲ့ လက်ကနေ ဒေးဗစ်ကို ဘယ်လို ကယ်ထုတ်ကြမလဲ ၊ ဒီလူဆိုးဂိုဏ်းရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား ၊ သူတို့ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ပြီး အပြစ်ပေးနိုင်ပါ့မလားဆိုတာကိုတော့ GC မှာ ကြည့်ရှုလိုက်ရအောင်နော်