-
Movie Name
-
ဝိညာဥ်ရေးရာသံယောဇဥ် (Yai Kanlaya)
-
Year
-
2014
-
Generes
-
Drama
-
Code
-
ST0374
-
Type
-
Series
-
Size
-
12.8 GB
-
Country
-
Thai
-
Description
-
"Yai Kanlaya"(2014)
"ဝိညာဉ်ရေးရာ သံယောဇဉ်"
မြန်မာစာတန်းထိုး အပိုင်း(၁၄)ထိရပါပြီ
Main Cast:
ဒေါက်တာဆဝဒ်အဖြစ် Mike Pattaradet
ဟွန်နန်အဖြစ် Bow Maylada
ဇာတ်လမ်းအကျဉ်းလေးကတော့...
ကလျာဆိုတဲ့နာမည်ကြီးမင်းသမီးတယောက် သူမချစ်ရတဲ့
ဗိုလ်မှူးနဲ့အိမ်ထောင်ကျပြီး ကိုယ်ဝန်ရလာခဲ့တယ်
တက်သစ်စ နာမည်ရမင်းသမီးဖြစ်တာကြောင့် သူမရဲ့
အေဂျင်စီက သူတို့ရိုက်ထားတဲ့ကားတွေနာမည်မရမှာစိုးလို့
အိမ်ထောင်ရှိနေတဲ့အကြောင်းကို ဖုန်းကွယ်ထားခိုင်းခဲ့တယ်
ဒီလိုနဲ့သူမရဲ့သားလေး ဆဝဒ်ကိုမွေးတာတောင်
၃ နှစ်ပင်ရှိသွားခဲ့တယ် သူမရိုက်သမျှကားတိုင်းလဲ ပေါက်နေတော့
အလုပ်တွေတခုပြီးတစ်ခုဆက်ပြီး အိမ်ကိုသိပ်မကပ်တော့
ဆဝဒ်ဟာသူ့အမေကသူ့ကိုမချစ်ဘူးထင်ပြီး စိတ်နာသွားခဲ့တယ်
သူမအရမ်းကိုအောင်မြင်လာတာကို အေဂျင်စီ ပိုင်ရှင်မနာလိုတော့
သူကအိမ်ထောင်ရှိတာကို နာမည်ကြီးချင်လို့ဖုံးကွယ်ပါတယ်ဆိုပြီး
သတင်းတွေဖြန့်တော့တယ် ပရိတ်သတ်တွေရဲ့ အမုန်းတွေ
သတင်းထောက်တွေရဲ့ တိုက်ခိုက်တဲ့စကားတွေကြောင့်
ကလျာတယောက် မိသားစုကိုစွန့်ခွာပြီး သတ်သေ သွားခဲ့တယ်
မသေခင်မှာ သူမသားလေး ဆဝဒ်ကိုစိတ်စွဲပီး သားလေးအနားမှာ
သူမရဲ့ ဝိဥာဉ်ဟာ ရစ်ဝဲနေခဲ့တော့တယ်
ဒီလိုတွေဖြစ်ပြီး ၂၈ နှသ်အကြာ ကလျာတို့အိမ်မှာ
ဇာတ်လမ်းတွဲရိုက်ဖို့ဖြစ်လာခဲ့တယ် အဖွဲ့ထဲက
အလုပ်သင်ဖြစ်တဲ့ ဟွန်နမ်ဟာ အိမ်ထဲကကလျာရဲ့ဝိဥာဉ်ကို
ခဏ ခဏမြင်တွေ့လာရတယ် ကလျာလည်း ဟွန်နမ်ရဲ့
အကူအညီနဲ့ သားဖြစ်သူကို ဆက်သွယ်ဖို့ကြိုးစားပါတော့တယ်
ဒီလိုနဲ့အလွဲလေးတွေကြုံရင်း ဟွန်နမ်နဲ့ ဆဝဒ်တို
နီးစပ်လာကြတဲ့အခါမှာတော့ဘာတွေထပ်ဖြစ်လာကြဦးမလဲဆိုတာကို"ဝိညာဉ်ရေးရာသံယောဇဉ်"ဆိုတဲ့ဇာတ်လမ်းလေးမှာစောင့်ကြည့်လိုက်ကြရအောင်ဗျ......