Movie Name
KHO KHO (2021)
Year
2021
Generes
Drama
Code
IND0164
Type
Movie
Size
1.12 GB
Country
Bollywood
Description
IMDb – 6.0/10 ငယ်ငယ်ကကျောင်းမုန့်စားဆင်းတဲ့အချိန် ကျောင်းဝန်းထဲမှာကိုယ်တွေ ထုတ်ဆီးတိုး၊ ကြိုးခုန်၊ ပြေးတမ်း လိုက်တမ်းစတဲ့ ကစားနည်းပေါင်းစုံကစားခဲ့သလို အိန္ဒိယနိုင်ငံရဲ့ကျောင်းသားကျောင်းသူတွေ ပျော်ပျော်ပါးပါးကစားကြတဲ့ Kho Kho (ခိုခို) ဆိုတဲ့ကစားနည်းလေးရှိပါတယ်။ ဒီလိုအားကစားနည်းလေးတွေကစားတာဟာ တစ်ချိန်မှာအောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာနိုင်တဲ့လမ်းစဆိုတာ ဘယ်သူကတွေးမိမှာလဲ .. ဇာတ်လမ်းအစမှာ Perunthuruthu ဆိုတဲ့ရွာလေးက မိန်းကလေးကျောင်းတစ်ကျောင်းကို Maria လို့ခေါ်တဲ့ အားကစားဆရာမလေးအသစ်ရောက်လာပါတယ်။ သိတဲ့အတိုင်း ကိုယ်တွေဆီမှာလိုပဲ ကျောင်းမှာကာယဆရာတို့၊ အားကစားဆရာတို့ဆိုတာ လူပိုလိုဖြစ်နေတာလေ။ ဒီတော့ ကျောင်းအုပ်ဆရာကလည်း ဆရာမအလုပ် ဘာမှမရှိတာမို့ သက်သက်သာသာနေလို့ရကြောင်းပြောတာပေါ့။ ဒီမှာတင် ဆရာကောင်းပီသတဲ့ Maria ဟာ သက်သာရာသက်သာကြောင်းမနေဘဲ ကျောင်းကကလေးတွေ ခိုခိုကစားနည်းကိုစိတ်ပါဝင်စားစွာကစားကြတာကိုတွေ့သွားပြီး အားကစားအသင်းဖွဲ့ဖို့ကြိုးစားပါတော့တယ်။ တပည့်တွေကလည်း သူတို့နှစ်သက်တဲ့ကစားနည်းကို စနစ်တကျလေ့ကျင့်ဆော့ကစားရမယ်ဆိုတော့ပျော်ကြတာပေါ့။ တကယ်တော့ Maria ဟာလည်း အိပ်မက်တွေကိုစွန့်လွှတ်ခဲ့ရတဲ့ အားကစားသမားဟောင်းတစ်ယောက်ပါ။ သူမအောင်မြင်ခဲ့တဲ့အရာတစ်ခုကို သူ့တပည့်တွေနဲ့ကျမှ ဘယ်လိုအောင်မြင်အောင်လမ်းပြပေးမလဲ .. “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို သူ့တပည့်တွေကရော ဆရာမပင်ပန်းရကျိုးနပ်အောင် အောင်ပန်းတွေဆွတ်နိုင်မလားဆိုတာကိုတော့ ဆရာတပည့်ကြားက ချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်မှုတွေ နားလည်မှုတွေအပြည့်နဲ့ ဒီ Kho Kho ဆိုတဲ့ဇာတ်လမ်းလေးမှာဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။