Movie Name
A Female Student Arrives At The Imperial College
Year
2021
Generes
Drama, Romance
Code
SC0364
Type
Series
Size
10 GB
Country
China
Description
အားလုံး မျှော်လင့်တကြီး တောင်းဆိုနေတဲ့ A Female Student Arrives at the Imperial College (2021) လေးလာပါပြီ မင်းသားတွေ မင်းသမီးကတော့ ထူးကဲမိတ်ဆက်နေဖို့ မလိုတဲ့ အသည်းကျော်လေးတွေမို့ မပြောတော့ပါဘူး… ဒီကားလေးက နာမည်လေးအတိုင်းပဲ ပထမဆုံးသော အမျိုးသမီးကျောင်းသားကို လက်ခံတဲ့အခါ ကျောင်းဖက်က ကြုံတွေ့ရတဲ့ အခက်ခဲတွေ ကျောင်းသူလေးဖက်က ရင်ဆိုင်ရတဲ့ ဒုက္ခတွေ နောက်ပြီး ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေကို ဒီကားလေးမှာ ခံစားနိုင်မှာပါ… သို့ပေမယ့် ဒီဇာတ်လမ်းနောက်ခံယူထားတဲ့ ခေတ်မှာ ဒီကားထဲကလောက် အမျိုးသမီးတွေ အခွင့်အရေးမရခဲ့တဲ့အတွက် တချို့နေရာလေးတွေက သမိုင်းနဲ့ယှဉ်ကြည့်မယ်ဆို လွဲကောင်းလွဲနိုင်တာမို့ ဇာတ်လမ်းအနေနဲ့ပဲ ကြည့်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဇာတ်လိုက်မင်းသမီးလေး စန်းချီက သူ့အစ်ကိုဖြစ်သူရဲ့ ကျောင်းဘဝကို ကြည့်ပြီး အားကျတာက တစ်ကြောင်း ဒီတစ်ဦးတည်းသော ညီမလေးကို ပစ်ပြီး ကျောင်းပျော်နေတဲ့ အစ်ကိုကို သဝန်တိုတာက တစ်ကြောင်းကြောင့် သူ့ အစ်ကိုတက်ခဲ့တဲ့ Imperial College ကို သူရအောင်တက်ဖို့ ကြိုးစားခဲ့ပါတယ်… ဒီအချိန်မှာ ဇာတ်လိုက်မင်းသားယန်ယွင်ချီ ကတော့ Imperial College က စီမံရေးမှူးပေါ့… အလွယ်ပြောရရင်တော့ ဆရာနဲ့ တပည့်ဇာတ်ပေါ့ ဒီတော့ စလာတည်းက ဘုနဲ့ ဘောက် တွေ့တိုင်းမတည့် နောက်ကွယ်ကတော့ မင်းသားက ကူပေးရှာပါတယ်… တစ်ဖက်မှာ မင်းသမီးကို ကူညီပေး မင်းသမီး ရစ်သမျှ ကြပ်သမျှ အနစ်နာခံနားထောင်ပေးတဲ့ မိတ်ဆွေကောင်းလည်း ရှိသေး သူကတော့ ကျိုးဝမ်ယွမ်ပါပဲ… မင်းသားက နောက်ကွယ်ကကူညီပေးပေး ဒုတိယမင်းသားလေးက ဘေးက ကူညီပေးပေး စန်းချီတစ်ယောက် တကယ် Imperial College ကို တက်ခွင့်ရဖို့ကတော့ ထင်သလောက်မလွယ်ခဲ့သလို တက်ခွင့်ရပြီး ဘဝကလည်း မှန်းသလောက် မလွယ်ကူခဲ့ပါဘူး… အမျိုးသမီးတစ်ယောက်က ကိုယ့်အခွင့်အရေးကို တိုက်ယူရတဲ့ ဇာတ်ကြောင်းလေးကို ဟာသနှောပြီးရိုက်ထားတာမို့ ကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်