Movie Name
Jun Jiu Ling (2021)
Year
2021
Generes
Drama, Historical
Code
SC0365
Type
Series
Size
11.3 GB
Country
China
Description
Goodbye my princess ထဲက အားလုံးရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ ရှောင်ဖုန်းမင်းသမီးလေးရဲ့ ဇာတ်ကားအသစ်လေးကို ဘာသာပြန်တင်ပေးလိုက်ပါတယ်။ သူကရုပ်ကလေးကချော သရုပ်ဆောင်ကောင်းတဲ့အပြင် ရှေးခေတ်ပုံစံလေးနဲ့ဆို တစ်မူထူးခြားတဲ့ သရုပ်ဆောင်မင်းသမီးကောင်းလေးဆိုတာ အားလုံးသိပြီးသားပါ. ဇာတ်ကားအသစ်မှာလည်း သူက ရှေးခေတ်ပုံစံလေးနဲ့မို့ အချစ်ပိုတိုးစေမယ့်ကာရိုက်တာလေးပါ.. ဇာတ်လမ်းလေးကတော့ သူ့မင်္ဂလာဆောင်နေ့မှာ သူ့အဖေကို သတ်ခဲ့တဲ့သူက လက်ရှိမင်းကြီး သူ့ဦးလေးဖြစ်နေတာကို သိခဲ့ရတယ်။ ဒါကြောင့်လည်း သူက လက်စားချေဖို့ စိတ်အားပြင်းပြပြီး လက်စားချေခြင်းနဲ့ အချိန်ကုန်ဖို့ ဆုံးဖြတ်ခဲ့တယ်။မထင်မှတ်ဘဲ သူ့သတို့သားလောင်းက မင်းအမိန့်နဲ့ တာဝန်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သူ့ကိုသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျန်းချန်ရှန်ဆိုတဲ့ သမားတော်ကျေးဇူးကြောင့် သေဘေးက လွတ်လာခဲ့ရတယ.် နောက်တော့ ကျွင်းကျန်းကျန်းဆိုတဲ့ နာမည်နဲ့ ဘဝအသစ်ကို ဖန်တီးပြီးတော့ ဖုန်အိမ်တောင်မှာ လျို့ဝှက်စွာနေခဲ့တယ်… သူ့ရဲ့ တစ်မူထူးခြားတဲ့ ဆေးပညာအစွမ်းရယ်ကြောင့် ကျွင်းကျိုလင်လို့ နာမည်ပြောင်းပြီး မင်းနေပြည်တော်မှာ နာမည်ရသမားတော်တစ်ယောက်ဖြစ်လာခဲ့တယ်။ နောက်တော့ ကဲ မင်းသမီးလေး သူ့အဖေရဲ့ သွေးကြွေးကို လက်စားချေနိုင်ပါ့မလား…. ချန်ကျူကျန်း၊ နင်ယွင်ကျောက် နဲ့ သတို့သားဟောင်း လုယွင်ချီဆိုတဲ့ ၃ ယောက်နဲ့ရော ဘယ်လို ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေရှိပြီး အဆုံးသတ် ဘယ်သူနဲ့ ရွှေလက်တွဲမယ်ဆိုတာ သိဖို့ကတော့ ဇာတ်ကားလေးကို ရင်ခုန်စွာ စောင့်ကြည့်လိုက်ပါတော့…