-
Movie Name
-
Silent Hours (2021)
-
Year
-
2021
-
Generes
-
Crime, Thriller
-
Code
-
EN0613
-
Type
-
Movie
-
Size
-
1.52 GB
-
Country
-
Hollywood
-
Description
-
IMDb Rating – 5.8/10
ဂျွန်ဒူဗယ်ဟာ ရေတပ်အရာရှိဟောင်းဘဝကနေအနားယူပြီး အလွတ်စုံအဖြစ် ကျင်လည်နေတဲ့သူတစ်ယောက်ပါ။
သူနေထိုင်တဲ့မြို့မှာ ရုတ်တရက် အမျိုးသမီး ၃ ယောက်ဟာ ကွင်းဆက်လူသတ်သမား Psychopath တစ်ယောက်ရဲ့
လက်ချက်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အပြင် ကိုယ်အင်္ဂါဖြတ်တောက်ပြီး ရက်စက်စွာအသတ်ခံလိုက်ရပါတယ်။
ဖြစ်ချင်တော့ ထိုအမျိုးသမီး ၃ ယောက်ဟာ ဂျွန်ဒူဗယ်အလွတ်စုံထောက်အနေနဲ့ စောင့်ကြည့်ဖူးတဲ့သူတွေဖြစ်နေတာကို
ရဲတွေသိသွားတဲ့အခါမှာ ဂျွန်ဟာအဓိကသံသယရှိသူတစ်ယောက်ဖြစ်လာပါတော့တယ် … ဂျွန်တစ်ယောက်ကလည်း သူ့ကို
စောင့်ကြည့်ခံနေရတဲ့ အခြေအနေကနေမှ လှုပ်ရှားရင်း တရားခံကိုဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်
တစားစောင့်ကြည့်ရမှာပါ။
PG 16+ လောက် Rating ရှိတဲ့ British ရုပ်ရှင်တစ်ခုဖြစ်ပြီး သွေးထွက်သံယိုခန်းတွေအပြင် အိပ်ယာပေါ်ကအခန်းတွေလည်း
ပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ မသင့်ပါဘူး။ ဒါပေမယ့် ဇာတ်ကားက ၂ နာရီခွဲကြာချိန်အတွင်းမှာ Client နဲ့ Therapist
ကြား စကားပြောခန်းသဘောမျိုးနဲ့ တဖြည်းဖြည်းဆွဲခေါ်သွားတဲ့ Crime Thriller ကားကောင်းတစ်ကားဖြစ်ပြီး သင်က
Sherlock Holmes ဇာတ်လမ်းတွဲတွေလိုမျိုး British စုံထောက်ဇာတ်လမ်းတွေ သဘောကျရင် ဒီကားကလည်း
ကြည့်သင့်ကားကောင်းတစ်ခုပါပဲ။