-
Movie Name
-
Copshop (2021)
-
Year
-
2021
-
Generes
-
Action, Crime, Thriller
-
Code
-
EN0616
-
Type
-
Movie
-
Size
-
1.05 GB
-
Country
-
Hollywood
-
Description
-
ကြမ်းပေ့ယမ်းပေ့ဆိုတဲ့ အက်ရှင်ကားကိုမှ အသုံးအနှုန်းခပ်ကြမ်းကြမ်း၊
သွေးထွက်သံယိုများများ R ratedမှကြည့်ချင်ပါတယ်ဆိုတဲ့
CMပရိတ်သတ်တွေအတွက် တကယ်ကြမ်းတဲ့
Crime Actionကားတစ်ကားကို မိတ်ဆက်ပေးလိုက်ပါပြီ
အဓိကဇာတ်လိုက်နှစ်ယောက်ကိုက Angle Has Fallen triologyနဲ့ 300လို
တကယ့်ကောင်းပေ့ညွန့်ပေ့ဆိုတဲ့
အက်ရှင်ကားတွေမှာ ခေါင်းဆောင်ပါဝင်ထားတဲ့ Gerard Butlerနဲ့ Purge franchiseလို
တကယ့်သွေးထွက်သံယိုကားတွေကိုပဲ
ရိုက်ကူးထားတဲ့ Frank Grilloဆိုတာနဲ့တင် ဒီဇာတ်လမ်းရဲ့အက်ရှင်တွေ
ဘယ်လောက်ကြမ်းမလဲဆိုတာ မှန်းကြည့်လို့ရပါတယ်
ဂိမ်းပရိုဂရမ်ရေးသားသူတဖြစ်လဲ ဒိတ်ဒိတ်ကြဲသူဌေးတွေကိုမှ
ညာစားတဲ့ Teddy Murrettoဟာ တစ်ချိန်မှာတော့
ညာမိတဲ့သူဌေး အရွေးမှားပြီး Hitmanပေါင်းများစွာရဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်
ပြေးလို့မလွတ်နိုင်မှန်းသိတဲ့နောက် Gun Creekမြို့လေးကိုအရောက်မှာတော့ မြို့ကရဲမေအရာရှိ Valerie Youngကို
အသားလွတ်ဆွဲထိုးကာ ထောင်နန်းစံပြီး ကြေးစားသမားတွေရန်ကနေ လွတ်အောင်ကြံပါတော့တယ်
ဖြစ်ချင်တော့ Hitmanတွေထဲကတစ်ယောက်ဖြစ်တဲ့ Viddickက Teddyကိုခြေရာခံမိသွားတဲ့အတွက်၊
သူကပါ အရက်မူးသမားအယောင်ဆောင်၊ ရဲကားကို ကားနဲ့ဝင်တိုက်ပြီး Teddyရှိရာအချုပ်ခန်းဆီကို ထပ်ကြပ်မကွာလိုက်ပါလာခဲ့ပါတယ်
ဒါပေမဲ့ Teddyကိုအသေရရ အရှင်ရရအမဲဖျက်ချင်နေတဲ့ Hitmanက တစ်ယောက်နှစ်ယောက်မဟုတ်တဲ့အခါ Gun Creekမြို့လေးကို
တခြားကြေးစားလူသတ်သမားတွေပါ လိုက်လာတဲ့အခါ…..
Teddyတစ်ယောက် Hitmanပေါင်းသောင်းခြောက်ထောင်ရန်ကနေ လွတ်နိုင်ပါ့မလား၊
သူရဲ့နောက်ကြောင်းဇာတ်လမ်းကရော ဘယ်လိုများဖြစ်မလဲ၊
Viddickကရော သူ့ရဲ့တာဝန်ကို အပြီးသတ်နိုင်မှာလား၊ သူနဲ့အိုးစားခွက်လုဖက်တွေကြားထဲကနေ
Teddyကို ဘယ်လိုရအောင်သတ်မလဲ၊ မဆီမဆိုင် ပဲလှော်ကြားဆားညပ်သွားတဲ့
ရဲမေ Valarieကရော ဘယ်လောက်အထိ အရေးပါနေမလဲဆိုတာကို
ဇာတ်လမ်းအစအဆုံး Tempoကိုတစ်စက်လေးမှမချပဲ Non-stop actionအပြည့်နဲ့ ကြည့်ရှုခံစားရမှာပါ၊
အက်ရှင်ကားဆိုပေမယ့် IMDb 6.6နဲ့ Rotten Tomatoes 81%တောင်ရထားတာဖြစ်လို့
အချိန်၂နာရီနီးပါးပေးကြည့်ဖို့ တကယ်တန်ကြောင်း ညွန်းဆိုပါရစေ၊
ဇာတ်လမ်းကတော့ “R rated”ဖြစ်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ သိပ်မသင့်တော်ပါဘူး