-
Movie Name
-
The Trip (2021)
-
Year
-
2021
-
Generes
-
Action, Horror
-
Code
-
EN0627
-
Type
-
Movie
-
Size
-
1.08 GB
-
Country
-
Hollywood
-
Description
-
The Trip (2021) ရုပ်ရှင်အညွှန်း
တစ်ခါ တစ်လေကျရင် ကျွန်တော်တို့က
ကိုယ် ချစ်တဲ့ သူတွေနဲ့ ကိုယ့်ခံစားချက်တွေကို
အမှန်အတိုင်း မဝေမျှကြတဲ့ အခါမျိုးတွေ ရှိကြပါတယ်
“တောင်းပန်ပါတယ် ငါ မှားသွားတာပါ” ဆိုတာတွေကို ခဏခဏ ပြောနေရရင်
ပြောဖို့ ခက်လာသလိုပေါ့ ။ လူဆိုတာ ကိုယ့်အမှား ကိုယ်
လွယ်လွယ်နဲ့ လက်မခံဘဲ ပတ်ဝန်းကျင်ကိုပဲ လိုက်အပြစ်တင်တတ်တဲ့ သတ္တဝါ ဖြစ်တာကိုး ။
အခုဇာတ်လမ်းကလည်း အဲ့လို ကိုယ်မှားတာကို လက်ခံပြီး တောင်းပန်တာမျိုး
မလုပ်တတ်တဲ့ ယောက်ျား နဲ့ သူ့မိန်းမကြားက အချစ်စမ်းတာလေးတွေကို အဓိကထား ရိုက်ကူးထားပါတယ်
ဇာတ်လမ်းအမျိုးအစားကတော့ Mystery-Thriller ဖြစ်တာနဲ့အညီ ဇာတ်ဝင်ခန်းတိုင်းကိုက
သည်းထိတ်ရင်ဖို ဖြစ်ရပြီးတော့ ဘာဆက်ဖြစ်မလဲ သိချင်စိတ်နဲ့ ကြည့်နေရမှာပါ ။
မင်းသားနဲ့ မင်းသမီးက နောက်ဆုံးမှာ ရှင်မယ်မှန်း သိကြပေမယ့် ဘယ်လိုရှင်ကြမှာလဲ ဆိုတာမျိုးပေါ့ ။
ကဲ ကြည့်ဖို့ကို စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ဇာတ်လမ်းအကျဥ်းကတော့
အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ လင်မယား နှစ်ယောက်ဟာ ပိတ်ရက်မှာ
သစ်သားအိမ်လေး တစ်အိမ်ကိုသွားပြီး အပန်းဖြေအနားယူကြပါတယ်
ဒါပေမယ့် နှစ်ယောက်လုံးက အနားယူဖို့ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ
တစ်ယောက်ကို တစ်ယောက် အသေသတ်ဖို့ကို ကြိုးစားကြပါတော့တယ်။
ဘယ်သူသေသွားမလဲ ပေါ့နော်။ ဒါပေမယ့် ဇာတ်လမ်း က အဲ့ဒီလောက် မရှိရှင်းပါဘူး ။
ဘယ်လိုမရိုးရှင်းလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ကြပါဗျာ။
(စကားမစပ် အင်္ဂလိပ်ကား မဟုတ်ဘူးနော် နော်ဝေးစကားပြောတဲ့ နော်ဝေးကားပါ
ဒါပေမယ့် ဇာတ်လမ်းက မပေါ့ဘဲနဲ့ ကောင်းသလို ဇာတ်အိမ်လည်း ခိုင်ပါတယ်ဗျ)
(ဘာသာပြန်ပြီး အညွှန်း ရေးသားထားသူကတော့ Thura Hein ပဲ ဖြစ်ပါတယ်)