Movie Name
KODIYIL ORUVAN (2021)
Year
2021
Generes
Action
Code
IND0177
Type
Movie
Size
1.37 GB
Country
Bollywood
Description
နယ်ကရွာလေးတစ်ခုမှ ရွာလူကြီးနေရာကို မမျှော်လင့်ပဲ ရလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရပ်ရွာကောင်းကျိုးအတွက် အလုပ်တွေ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခေတ်ရယ် စနစ်ရယ် ကံမကောင်းအကြောင်းမလှတဲ့ အချင်းအရာ သူ့ဘက်မပါရင် အန္တရာယ်ပြုတတ်တဲ့ ဒုစရိုက်သမား လူရမ်းကားတွေကြောင့် လင်ယောကျာ်းလဲသေ ကိုယ်တိုင်လည်း ကိုယ်ဝန်ကြီးနဲ့ မီးရှို့သတ်ခံရတယ်။ ဒါပေမဲ့ သူ့သားလေးအတွက် အားဆက်တင်းရင်း အသက်ဆက်ခဲ့ပေမယ့် သူ့ဘဝကတော့ သေဆုံးသွားခဲ့ရပြီ ဒါ ဗီဂျေရာဂါဗန်ရဲ့ မိခင်အကြောင်းပါ သူ့အမေရဲ့ အသက်ဆက်ရှင်နေရတဲ့ အကြောင်း​ပြချက်က သူ့သားအနေနဲ့ အရာရှိကြီးဖြစ်လာပြီး ရပ်ရွာဒေသကို တိုးတက်အောင်လုပ်နေတာ မြင်ချင်လို့ သူ့သားကလည်း တစ်ထောင်မှတစ်ယောက် တကယ့်လူလိမ္မာ လက်ရုံးရည် နှလုံးရည် ပြည့်ဝတဲ့သူ ဒါပေမဲ့ မြို့ပေါ်မှာ အစိုးရဝန်ထမ်းလုပ်ဖို့ စာမေးပွဲလာဖြေတဲ့အချိန် သူကတော့ ကလေးတွေစာသင်ပေးလိုက် ရပ်ကွက်ထဲ အမှိုက်ရှင်းလိုက်နဲ့ ကောင်းတာတွေပဲ လုပ်နေပေမယ့် ကံကြမ္မာတစ်ပတ်လည်ပြီး လူဆိုးတွေနဲ့ သူရောရင်ဆိုင်ရတဲ့အခါမှာ…. ဘာဆက်ဖြစ်မလဲ။ အလုပ်ရယ် ပညာရေးရယ် မိခင်ကိုပဲ စိတ်ထဲရှိတဲ့ ဗီဂျေရာ ဂါဗန်တစ်ယောက် ဘဝအမောတွေကို သူ့ဖြေဖျောက်ပေးချင်နေတဲ့ ကောင်မလေးချောချောလေးကိုရော ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားရဦးမှာပါ