Movie Name
Good Manager (2017)
Year
2017
Generes
Comedy, Crime, Drama
Code
SKR0511
Type
Series
Size
10.1 GB
Country
Korea
Description
Good Manager(2017) ဇာတ်လမ်းတွဲအညွှန်း ************************************* အပိုင်း (၁ မှ ၂၀) ထိ စ/ဆုံး ” ငွေမည်းတွေကိုဖြတ်စားရမယ်….ကွက်ကျော်နင်းတဲ့သူဆီက ငွေကိုဖြတ်စားရမယ်…တရားမဝင်ငွေရှာ တဲ့သူဆီက ဖြတ်စားရမယ်…သဲ့ယူခြင်းနိဗ္ဗန်ဆိုတာ ဒီလိုလောကကြီးကိုခေါ်ဆိုသတဲ့…ဒါမှ ရဲမတိုင်မှာလေ…” ဒီအယူအဆကိုလက်ကိုင်ထားသူကတော့ နယ်မြို့လေးမှာ စာရင်းကိုင်ကျွမ်းကျင်တဲ့ မန်နေဂျာကင်လို့အမည်ရတဲ့ The Veil ထဲက ဖိုက်တာမင်းသားကြီး Namgoong Min ဖြစ်ပါသတဲ့…. သူက သင်္ချာကိန်းဂဏန်းတွေမှာထူးချွန်တယ်…ငွေကြေးတွေကိုကစားနိုင်စွမ်းရှိသလို လက်ရှိမှာလည်း လူမိုက်ဂိုဏ်းတစ်ခုမှာ စာရင်းကိုင်လုပ်နေတယ်…သူတတ်တဲ့ပညာနဲ့ ရသမျှငွေကို ကတုံးပေါ်ထိပ်ကွက်လုပ်ရင်း ပိုက်ဆံစုဆောင်းနေတဲ့ ငပွေးတစ်ယောက်ပေါ့… တစ်ဆက်ထဲမှာပဲ ကိုရီးယားရဲ့အကြီးမားဆုံးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ TQ လုပ်ငန်းစုဟာ ငွေဖြူငွေမည်းပြဿနာတစ်ချို့ရှိနေတယ်… အဲ့ဒီမှာစတေးခံစာရင်းကိုင်တစ်ယောက်လိုအပ်နေချိန်မှာ အလုပ်လာလျှောက်တဲ့ ဆရာကင်ကိုတွေ့လာပြီး နောက်ခံအင်အားလည်းမရှိတစ်ကိုယ်တည်း ဖြစ်သလိုဖြတ်သန်းခဲ့တဲ့ အညတရစားရင်းကိုင်လေးကို ထပ်မံအသုံးချဖို့ ကုမ္ပဏီကြီးက ကြိုးစားလာတဲ့အချိန်မှာတော့….ငပွေးဆရာကင်ကပဲ ပွန်းကောင်လေး ဖြစ်သွားမလား….ငချွတ်လေးဆိုပြီး စမ်းလိုက်တဲ့ ကုမ္ပဏီကြီးပဲ ပြိုလဲသွားမလားဆိုတာကိုတော့…. THE VEIL ကြည့်ပြီးပြီးချင်း ဒီစီးရီးကိုကြည့်ရတော့ Namgoong Min ရဲ့စတိုင်က ဆံပင်အရောင်ကလည်း ရွှေရောင် ဝတ်လိုက်ရင်လည်း ကကြိုးကဂျောင်နဲ့… ဗရုတ်သုတ်ခ တော်ကီတွေနဲ့ တော်တော်ကြီးကိုရယ်နေရတာပါ..ပုံမှန်လေးနေလည်းရယ်ချင်နေမိရော.. ဒီလိုပြောလို့ ပေါတောတောကားလို့ မထင်လိုပါနဲ့…. Crime ဇာတ်လမ်းတွဲမို့ ရင်ခုန်စိတ်လှုပ်ရှားရသလို ဗီလိန်သရုပ်ဆောင်တွေကလည်း မိုက်ပါတယ်… ခေါင်းဆောင်ဟုန်တို့ကတော့ ဒီဇာတ်လမ်းတွဲမှာ မှန်ကြောင်လေးနဲ့ ဆော်ပစ်ခံရလို့ ကြေကွဲနေတဲ့ ကောင်ဇိုးလေးပေါ့….ခံစားကြည့်ကြပါဦးဗျို့…