-
Movie Name
-
မျှော်လင့်ခဲ့ရတဲ့နေ့ (Wan Nee Tee Ror Khoi) (2013)
-
Year
-
2013
-
Generes
-
Drama, Romance
-
Code
-
MST04
-
Type
-
Series
-
Size
-
19 GB
-
Country
-
Thai
-
Description
-
နန်ဖင် နိုရာထပ် / ကျောက်ရှန် အဖြစ် Om Akkaphan Namart
မန်ဖာ(မေ) / ဘရာလီ (ဘရီ) အဖြစ် Thisa Varitthisa Limthammahisorn
👉ဇာတ်လမ်းအကျဉ်း👈
ငယ်စဉ်ကလေးဘဝကတည်းက ဝေးကွာသွားတဲ့လူ ၂ယောက်.....
ငယ်စဉ်ကအဖြစ်အပျက်တွေကိုမေ့လျော့နေခဲ့တဲ့သူနဲ့.....
အတိတ်ကနာကျင်ဖွယ်အဖြစ်အပျက်တွေကိုအမှတ်ရနေခဲ့ပြီး သူချစ်တဲ့သူကိုတစ်ဖန်ပြန်ပြီး မနာကျင်စေချင်တာကြောင့် အတိတ်ကအဖြစ်အပျက်တွေကိုလိုက်ပြီးဖုံးကွယ်နေခဲ့တဲ့သူတို့ ၂ယောက်ရဲ့ကံကြမ္မာ.....
ကီရီရာ့ နိုင်ငံတော်ရဲ့ ဘုရင်မင်းမြတ်ဟာ ညီဖြစ်သူရဲ့နန်းလုပုန်ကန်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပြီး မိဘုရားခေါင်ကြီးနဲ့ သားတော် အိမ်ရှေ့စံမင်းသားလေး နန်ဖင် နိုရာထပ် တို့ကတော့ နန်းတွင်းကိုယ်ရံတော်လင်မယားရဲ့ အကူအညီနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်.....
မိဘုရားခေါင်ကြီးနဲ့ အိမ်ရှေ့စံမင်းသားတို့ထွက်ပြေးလွတ်မြောက်ဖို့အတွက် နန်းတွင်းကိုယ်ရံတော်လင်မယားကတော့အသက်ကိုစတေးခဲ့ရပြီး မိဘုရားခေါင်ကြီးဟာ ကိုယ်ရံတော်လင်မယားရဲ့ သမီးလေး မန်ဖာ ကိုသမီးအဖြစ်မွေးစားခဲ့ပါတယ်.....
မင်းသားနန်ဖင် နဲ့ မန်ဖာတို့နှစ်အနည်းငယ်အတူနေထိုင်ကြီးပြင်းလာပြီးတဲ့နောက် မိဘုရားခေါင်ကြီးဟာ သူတို့ ၂ဦးကို တစ်ယောက်တစ်နေရာစီပို့လိုက်ပါတယ်.....
မင်းသား နန်ဖင် ကိုတော့ ဟောင်ကောင်လုပ်ငန်းရှင်သူဌေးကြီးတစ်ဦးကမွေးစားခဲ့ပြီး အောင်မြင်တဲ့လုပ်ငန်းရှင်သူဌေး ကျောက်ရှန် ဖြစ်လာခဲ့ပါတယ်.....
မန်ဖာ ကိုတော့ ထိုင်းနိုင်ငံတောင်ပိုင်းက စစ်သည်မိသားစုကမွေးစားခဲ့ပြီး လှပပြီးခေတ်ဆန်တဲ့မိန်းမလှလေး ဘရာလီ ဖြစ်လာခဲ့ပါတယ်.....
ဘရာလီက အမေရိကန်တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီးနောက် ဟောင်ကောင်ကသူငယ်ချင်းဆီကိုအလည်ဝင်တဲ့အခါမှာ သူ့သူငယ်ချင်းကလေဆိပ်မှာလာမကြိုတာကြောင့် သူ့အဖေရဲ့စီးပွားဖက်ဖြစ်တဲ့ ကျောက်ရှန်က သူ့ကိုကြိုခဲ့ရာကနေ သူတို့ ၂ဦးပြန်လည်တွေ့ဆုံခဲ့ပါတယ်.....
ကျောက်ရှန် က ဘရာလီ ဟာ ငယ်စဉ်ကကွဲကွာခဲ့ရတဲ့ညီမလေး မန်ဖာဖြစ်ကြောင်းကိုသိနေပေမယ့် ဘရာလီကတော့ ငယ်စဉ်ကအဖြစ်အပျက်တွေကိုလုံးဝမေ့နေခဲ့တာကြောင့် ကျောက်ရှန် ကိုအထင်လွဲသွားခဲ့ပါတယ်.....
တစ်ချိန်ထဲမှာပဲ ကျောက်ရှန်ဟာ ကီရီရာ့ နိုင်ငံတော်နဲ့ပတ်သတ်ဆက်နွယ်ဖို့အကြောင်းဖန်လာခဲ့တဲ့အခါ.....
ကျောက်ရှန်တစ်ယောက် သူ့ရဲ့ဦးရီးတော်လက်ထဲကနေ သူလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ထီးနန်းကို ဘယ်လိုပြန်ရအောင်ယူမှာလဲ.....
သူ့ကိုမေ့လျော့နေခဲ့တဲ့ သူချစ်ရတဲ့ညီမလေးကရော သူ့ကိုပြန်သတိရလာနိုင်ဦးမလား.....
အချစ်နဲ့စစ် ဒွန်တွဲလာတဲ့အခါမှာ မင်းသား နန်ဖင် တစ်ဖြစ်လဲ ကျောက်ရှန် ကဘယ်အရာကိုဦးစားပေးရွေးချယ်မလဲ.....ဆိုတာ ဒီ "မျှော်လင့်ခဲ့ရတဲ့နေ့" ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်