-
Movie Name
-
မနောဖြူတဲ့တောသူမလေး (Khun Chai Rachanon )
-
Year
-
2013
-
Generes
-
Drama, Romance
-
Code
-
ST0438
-
Type
-
Series
-
Size
-
10.3 GB
-
Country
-
Thai
-
Description
-
ဇာတ်လမ်းအကျဉ်း
ဂုဏ်သရေရှိနာမည်ကြီး
ဂျူထာထေ့မိသားစုကြီးရဲ့သခင်လေး(၅)ယောက်ကို
အဖွား၂ယောက်က မိဘတွေလက်ထက်က
ထားခဲ့တဲ့ကတိစကားအရ သူတိုသဘောကျတဲ့မိသားစုကမိန်းကလေးတွေနဲ့လက်ဆက်ပေးဖိုကြိုးစားရာကနေ ဒီဇာတ်လမ်းလေးစတင်လာခဲ့တာပေါ့နော်
ဂျူထာထေ့သခင်လေး(၅)ယောက်လုံး ဥစ္စာပေါရုပ်ချောပညာတတ်တွေဆိုတော့ မိန်းကလေးတိုင်းက သူတိုကိုလက်ထပ်ချင်ကြသတဲ့ အစ်ကိုတွေတုန်းကမအောင်မြင်ခဲ့တဲ့ဒီလက်ထပ်ခြင်းကတိဟာ "ခွန်ချိုင်ရတ်ချနွန်"(ခွန်ချိုင်လက်)ဆိုတဲ့ ၄ယောက်မြောက်သခင်လေးဆီကို
ပုံအောကျရောက်လာပါတော့တယ် မိသားစုချင်းထားတဲ့ကတိအရ "ခွန်ချိုင်လက်"ဟာ ထယ်ဝါဖွန်မိသားစုရဲ့သမီး "စီနီနွတ်"ဆိုသူနဲ့လက်ထပ်ရမှာဖြစ်ပါတယ် လွတ်လွတ်လပ်လပ်နဲ့ပျော်ပျော်နေတတ်တဲ့ ခွန်ချိုင်လက်ဟာ ဒီလိုမချစ်မနှစ်သက်ဘဲကတိကြောင့်လက်မထပ်ချင်တာကြောင့်
စေ့စပ်ပွဲပါတီကျင်းပတဲ့နေ့မှာပဲ မြိုကနေဝေးလံတဲ့နေရာကိုထွက်ပြေးသွားခဲ့ပါတော့တယ်
ခရီးသွားရင်း "ခွန်ချိုင်လက်"ဟာ "ဗင်ဖူခမ်"တွေနေတဲ့ ဝလာဟိုရွာကိုရောက်သွားပါတယ် တကယ်တော့ "ဗင်ဖူခမ်"နေရာဟာ လျှိဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုပါ လွန်ခဲ့တဲ့၁၈နှစ်က အဲ့နေရာမှာ ဗိုလ်ချုပ်ဆေ့ကွန်ဆိုသူဟာ "ဗင်ဖူခမ်"ဘုရင် "ဆီရီယာဝွန်း"ကိုနန်းချပြီး
တိုင်းပြည်ကိုသိမ်းပိုက်လိုက်တဲ့အခါ ပြည်သူတွေခက်ခဲ့ကြရတယ် ဘုရင် "ဆီရီယာဝွန်း"ဟာ သူရဲ့သားတော်,သမီးတော်လေးနဲ့အတူ ဒီတောထဲမှာပုန်းခိုနေတယ်ဆိုတဲ့ပြောစမှတ်တွေလည်းရှိကြတဲ့နေရာဆိုပါတော့ "ဝလာဟိုရွာ"ရဲ့ဆန်းကြယ်မှုကတော့ ဝင်ပေါက်ကိုအပြင်လူတွေမမြင်ရအောင်
ကာဆီးထားတာပါပဲ ဒါပေမဲ့ "ခွန်ချိုင်လက်"တစ်ယောက်ကတော့ ထူးခြားစွာ ရွာဝင်ပေါက်မြင်နေခဲ့ရပါတယ်
တောနားမှာ စားသောက်ဆိုင်လေးဖွင့်ပြီး မွေးစားအဖေနဲ့အတူနေတဲ့ "ဂျန်ထာ"ဆိုတဲ့ကောင်မလေးကို ဗင်စစ်သားတွေအနိုင်ကျင့်တာကြောင့် "ခွန်ချိုင်လက်"က ကူညီပေးခဲ့ပြီး လူဆိုးတွေကိုရဲလက်အပ်ပေးလိုက်ပါတယ်
အဲ့တာကိုမကျေနပ်တဲ့ဗင်စစ်သားတွေ လိုက်သတ်တာကြောင့် "ခွန်ချိုင်လက်"ဟာ သေနတ်မှန်ပြီးရေထဲကျသွားတဲ့အခါမှာတော့..... ဆွိင်း(ဆွိင်ဖာ)ဆိုတဲ့ဝလာဟိုရွာသူလေးက ကယ်တင်ပေးလိုက်ပါတယ်
"ဆွိင်ဖာ"လေးကတော့ ဝလာဟိုရွာသူကြီး"ဖောယိုင်"ရဲ့သမီးလေးပါ "ဆွိင်ဖာ"လေးဟာ စိတ်ရင်းသဘောထားကောင်းပြီး ပွင့်လင်းရိုးသားသလောက် အားနွဲတဲ့မိန်းမငယ်လေးတော့မဟုတ်ရှာပါဘူး ဓားလှံတွေနဲ့ရင်းနှီးကျွမ်းဝင်ပြီး
အတိုက်အခိုက်ဝါသနာအိုးလေး, ကောင်လေးလိုပြင်ဆင်နေထိုင်တဲ့စပ်စလူးစိန်မလေးပေါ့နော် သူတိုလူမျိုးတွေကိုဒုက္ခပေးတဲ့ ဗိုလ်ချုပ်ဆေ့ကွန်နဲ့ဗင်စစ်သားတွေကိုအရမ်းမုန်းတီးပြီး သူမရဲ့အဖေ"ဖေသံယောဇဉ်တွယ်မိသွားကြမလားာယိုင်"ဟာ "ဘုရင် "ဆီရီယာဝွန်း"ကိုကူညီဖို
လျှိဝှက်အစီအစဉ်ရှိတယ်လိုယုံကြည်နေတဲ့မျိုးချစ်စိတ်လည်းပြင်းထန်သူလေးပေါ့
မြိုသား"ခွန်ချိုင်လက်"နဲ့ ခပ်စွာစွာတောသူလေး "ဆွိင်ဖာ"တို မတည့်အတူနေရင်းကနေ ဆန်းကြယ်တဲ့တောနက်ရဲ့လျှိဝှက်ချက်က "ဆွိင်ဖာ"လေးနဲ့ရော သက်ဆိုင်နေမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို
Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော်