Movie Name
Pihu (2018)
Year
2018
Generes
Drama, Thriller
Code
IND0179
Type
Movie
Size
728 MB
Country
Bollywood
Description
Pihu (2016) ========= IMDb 6.7 ရရှိထားပြီး မိဘတိုင်း မဖြစ်မနေကြည့်ရှုသင့်တဲ့ ပညာ​ပေးကားလေးတစ်ကားနဲ့ မိတ်ဆက်​ပေးပါရ​စေ…. မိဘတိုင်းရဲ့ အဆိုးရွားဆုံး အိမ်မက်ကို ပုံ​ဖော်ရိုက်ကူးထားပြီး ၂၀၁၈တုန်းက ထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင် “Pihu” ဖြစ်ရပ်မှန်​ပေါ် အ​ခြေခံထားပြီး အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကား​ကောင်းဖြစ်ပါတယ်… အဓိက ဇာတ်​ဆောင်က​တော့ ၂နှစ်အရွယ် က​လေးငယ် Pihu ပါ ကလေးတွေရဲ့ ထုံးစံအတိုင်း စပ်စပ်ဆော့ဆော့နေရာက ဘေးအန္တရာယ်မျိုးစုံ ကျရောက်ရမယ့်အဖြစ်​တွေ… မိခင်ဖြစ်သူအဆုံးစီရင်သွားတာကို မသိ၊ သေဆုံးခြင်းကို နားမလည်​သေးတဲ့ ကလေးငယ်လေး တိုက်ခန်းထဲမှာ သူတစ်​ယောက်ထဲ ဘယ်လို​နေထိုင်​နေမလဲ… ဒီကားလေးမှာ မိဘဖြစ်သူတွေဟာ အိမ်အတွင်း ကလေးငယ်တွေ ဘေးအန္တရာယ်မကြုံရအောင် ဘယ်လိုတွေ ပြင်ဆင် ကာကွယ်သင့်တယ်ဆိုတာကို သင်ခန်းစာယူနိုင်မယ့်အပြင် မိဘ ၂ ဦးကြားက ပြဿနာ​တွေက အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ဘဝကို ထိခိုက်စေနိုင်တယ်ဆိုတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်… ကလေးငယ်လေးဟာ ဘေးအန္တရာယ်ကြီးကြီးမားမားကြုံတွေ့ရမလား၊ မိခင်ဖြစ်သူဟာ ဘာကြောင့် အဆုံးစီရင်ရတာလဲ၊ ကလေးငယ်လေးရဲ့စူးစမ်းဆင်ခြင်စိတ်တွေဟာ ဘယ်အတိုင်းအတာအထိ ရောက်နိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းကြည့်ရှုရင်း ခံစားသင်ခန်းစာယူကြပါ မျက်ရည်မခိုင်သူများလည်း tissue ​လေးကြို​ဆောင်ထားဖို့ အကြံ​ပေးပါရ​​စေ…။