Movie Name
Haunted Tales (2021)
Year
2021
Generes
Drama, Horror
Code
TH0029
Type
Movie
Size
846 MB
Country
Thai
Description
Haunted Tales (2021) ဇာတ်လမ်းအညွှန်း ************************************ ဒီဇာတ်ကားမှာတော့ “သရဲခြောက်သောကား”၊ “ပိတ်လှောင်မိခြင်း”၊ “စာအုပ်ထဲက အမှန်တရား”စတဲ့ဇာတ်လမ်းတို သုံးပုဒ်နဲ့ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ အပိုင်း(၃)ပိုင်းကို တစ်ဆက်တည်း ရိုက်ပြထားပြီး တစ်ခုချင်းမှာ ခပ်ဆန်းဆန်းတွေ မတူအောင်ပြထားပါတယ်… ထိုင်းနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားသလို ရုံတင်ဇာတ်ကားလည်းဖြစ်ပါတယ်… “သရဲခြောက်သောကား”ကတော့ လျှို့ဝှက်ချက်တွေပေါတဲ့ ငယ်ရွယ်တဲ့စီးပွားရေးလုပ်ငန်းရှင်က အိမ်အပြန်လမ်း တက္ကစီကို စီးနေရင်းထိတ်လန့်ဖွယ်ရာအဖြစ်ဆိုးနဲ့ကြုံခဲ့ပုံကို ရိုက်ပြထားပါတယ်… “စာအုပ်ထဲက အမှန်တရား” သည်းထိပ်ရင်ဖိုသရဲအကြောင်းရေးသားတဲ့စာရေးဆရာတစ်‌ယောက်က စာအုပ်တစ်အုပ်ရေးဖို့ လူသူနဲ့ကင်းဝေးတဲ့အိမ်မှာ သွားတည်းရင်း အလွန်ကြောက်စရာကောင်းတဲ့ဖြစ်ရပ်ကိုကြုံခဲ့ပုံကိုရိုက်ကူးပြထားတာပါ… “ပိတ်လှောင်မိခြင်း”ကတော့ အမျိုးသမီးတစ်ယောက်ဟာ သရဲဟော်တယ်တစ်ခုရဲ့ ကြောက်လန့်ဖွယ်ရာ အကြောင်းရာတစ်ခုကို ရှာဖွေဖို့အကြောင်းဖန်လာခဲ့ပါတယ်။ သူအသက်ရှင်ဖို့အတွက်ကြိုးစားရင်း ဝိညာဉ်ဆိုးတွေကိုကျွတ်လွတ်အောင် ကူညီပေးပုံကို ရိုက်ကူးထားတဲ့ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်ပါတယ်…