-
Movie Name
-
Runt (2021)
-
Year
-
2021
-
Generes
-
Drama
-
Code
-
EN0635
-
Type
-
Movie
-
Size
-
912 MB
-
Country
-
Hollywood
-
Description
-
လူ့အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ခံစားချက်၊ သက်တူရွယ်တူတွေကြားမှာ အဖက်လုပ်ခြင်းမခံရတဲ့ ခံစားချက်ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိတတ်ပါတယ်
ဒီဇာတ်ကားကတော့ ကျောင်းရဲ့အပယ်ခံလိုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့အကြောင်းပါ
ဖခင်ဆုံးပါးပြီး မိခင်ရဲ့ဝင်ငွေတစ်ခုထဲနဲ့ ကျားကန်နေရတဲ့ ပညာရေးမှာထူးချွန်သူ”ကယ်ဗင်”
မိဘတွေက ဆေးသမားဖြစ်နေလို့ ငယ်စဉ်ကတည်းက စောင့်ရှောက်ရေးဂေဟာတွေမှာ ကြီးပျင်းလာခဲ့ရသူ “ဆက်စလီ”
ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်ကြတဲ့ သူတို့၂ဦးဟာ ဘဝချင်းတူတော့ ရင်းနှီးလာကြတယ်၊ ခင်မင်လာကြတယ်
ထိုမှတဆင့် မေတ္တာမျှလာကြတယ်
ဒါပေမဲ့ မိန်းကလေးက လက်ရောက်စော်ကားခြင်း ခံရတယ်၊ ယောကျာ်းလေးက ကျောင်းလူမိုက်တွေ နှိပ်စက်တာကို အလူးအလဲခံရတယ်
ဒါပေမဲ့ သူတို့ဘက်မှာ ရပ်တည်မဲ့သူဆိုတာ မရှိပါဘူး
မျက်နှာမွဲ၊ငွေမွဲတဲ့သူတို့အတွက် ကျောင်းဆိုတာငရဲပါပဲ
ဒါပေမဲ့ လူဆိုတာခံနိုင်ရည်ရှိတဲ့အတိုင်းအတာဆိုတာ ရှိကြစမြဲပဲလေ
နည်းမျိုးစုံနဲ့ဖိနှိပ်ခံရပြီး သည်းမခံနိုင်တဲ့ အဆုံး သူတို့အစွမ်းကုန်ပေါက်ကွဲပါတော့တယ်
အဲ့ဒီ ပေါက်ကွဲမှုကို ဒီဇာတ်ကားထဲမှာ လှလှပပနဲ့ တစ်ဆင့်ချင်း ခံစားနိုင်အောင် ရိုက်ကူးပြထားတယ်
ဘာကြောင့်များ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ
ဘယ်လိုကြောင့်များ ဒီလိုလုပ်ရက်တာလဲဆိုတာ ကြည့်နေရင်းနဲ့ အတွေးထဲကို အလိုလိုဝင်လာအောင် ရိုက်ကူးပြထားပါတယ်
Western countryတွေရဲ့ High school lifeကိုရိုက်တိုင်း သူတို့ရဲ့Socailကျမှု၊ လွတ်လပ်မှု၊ ပါတီပွဲတွေနဲ့ အချိန်ပြည့် ပျော်ရွှင်နေမှုကိုမြင်ပြီး အားကျတတ်ပေမဲ့
အဲ့ဒီ student lifeရဲ့ အမှောင်ဘက်ခြမ်းကို မြင်အောင်ကြည့်ဖို့ကိုတော့ မေ့နေတတ်ကြပါတယ်
ဒီဇာတ်လမ်းဟာ အဲ့ဒီလို Student ဘဝရဲ့ ဆိုးကွက်တွေကို ရွေးချယ်ပြထားသလားလို့ မှတ်ရပါတယ်
ကြည့်နေရင်းနဲ့ ဇာတ်ဆောင်တွေနေရာကို ဝင်စာနာပေးမိမှာလည်း သေချာသလောက်ပါပဲ
High school ဇာတ်ကားတွေထဲမှာ ရှားရှားပါးပါး thriller,genreနဲ့ ထွက်ရှိထားတဲ့ ဇာတ်ကားပါ
IMDbက 62%ရှိပြီး Rotten Tomatoes 60% ရထားပါတယ်
နိုင်ငံခြားက ကျောင်းသားဘဝအကြောင်း အကောင်းပဲ တွေးမိနေရင် ဒီဇာတ်ကားကိုကြည့်ကြည့်ဖို့ညွှန်းဆိုပါရစေ ။