-
Movie Name
-
VIP
-
Year
-
2019
-
Generes
-
Drama
-
Code
-
SKR0078
-
Type
-
Series
-
Size
-
7.82 GB
-
Country
-
Korea
-
Description
-
[Unicode]
ဒီကားထဲမှာ ရွေးနီမလေးတုန်းတည်းကချစ်ခဲ့ရတဲ့ မင်းသမီးလေး
တစ်လောလေးက ဖဲရားနဲ့အတွဲညီညီသရုပ်ဆောင်ပြီး အသက်ကြီးနေပေမယ့်လဲ မပျက်ဆီးသေးပဲ လှတုန်းလှဆဲ မင်းသမီးလေးဂျန်နာရာပါပါတယ် ။
တူတူတဲတဲ့မင်းသားကတော့ Whisper ကားထဲက ချစ်ရတဲ့ဦးလေးကြီး လီဆန်းယွန်းပါပဲ ။
ဇာတ်လမ်းကတော့
အထူးဧည့်သည်ဆိုတဲ့ လူတန်းစားတစ်လွှာကို ဝန်ဆောင်မှုပေးနေရတဲ့ကုမ္ပဏီတစ်ခုမှာ
လက်ထပ်ထားတဲ့စုံတွဲတစ်တွဲကြားက အိမ်ထောင်ရေးဇာတ်လမ်းလေးပါပဲ…
ကိုရီးယားထုံးစံအတိုင်း ဖောက်ပြန်တဲ့ဇာတ်လမ်းတွေပဲပေါ့
ဒီဇာတ်လမ်းရဲ့ဆွဲဆောင်မှုကတော့ ဘယ်သူကဘယ်သူနဲ့ဖောက်ပြန်နေမှန်းမသိပဲနဲ့
တကယ်ရောဖောက်ပြန်ရဲ့လား သို့လောသို့လောအတွေးတွေနဲ့ ရှေ့ဆက်ကြည့်ချင်အောင်ဆွဲဆောင်နေတာပါပဲ…
အရမ်းချစ်ပြီးလက်ထပ်ခဲ့ပြီးတာတောင် မတော်တဆဆိုတာနဲ့တင်ဖောက်ပြန်နိုင်တာလား…
ရာထူးတိုးဖို့တစ်ခုအတွက်နဲ့ ကလေးတွေမျက်နှာတောင်မထောက် ဖောက်ပြန်နိုင်တာလား…
ဒီလိုမျိုးအတွေးတွေနဲ့ တစ်ပိုင်းပြီးရင်တစ်ပိုင်း ဆက်ကြည့်ချင်နေမှာပါ
ဖောက်ပြန်မှုတွေချည်းပဲတွေ့ရမယ်ထင်ပြီး စိတ်မပျက်ပါနဲ့ဦးနော်
ကုမ္ပဏီတစ်ခုရဲ့လည်ပတ်ပုံတွေကိုလဲ အသေးစိတ်ပြထားသေးတာမို့ ကြည့်ရတဲ့အချိန်တောင် ဘယ်လိုကုန်မှန်းမသိလိုက်ပါဘူး ။