Movie Name
Sai Rak Sai Sawat ( ရှုပ်ထွေးသောအချစ်ကမ္ဘာ)(အချစ်ရဲ့မုန်တိုင်း) (2018)
Year
2018
Generes
Drama, Family
Code
ST0382
Type
Series
Size
18.1 GB
Country
Thai
Description
ဒီဇာတ်လမ်းလေးဟာ ၁၉၂၁ ခုနှစ်အချိန်ကလူကုံထံအသိုင်းဝိုင်းမိသားစုအ‌ကြောင်းကို အခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်…. ချင်းမိုင်မြိုကကြီးကျယ်မြင့်မြတ်တဲ့မင်းမျိုးနွယ်သခင်ခမ်ဖာ့ဟာ ယိုဝရတ်ဆိုတဲ့မိန်းကလေးနဲ့စေ့စပ်ထားပြီးဘန်ကောက်မြိုမှာနေနေတဲ့သူဖြစ်ပါတယ်… တစ်နေ့မှာသခင်ခမ်းဖာ့ကအလုပ်ကိစ္စနဲ့ ချင်းမိုင်ကိုပြန်သွားရပြီး ရိုးရိုးသာမာန်မိန်းကလေးတယောက်ဖြစ်တဲ့‌ဖောင်ခယ်ကိုချစ်မိကာသူမနဲ့လက်ထပ်ချင်တဲ့အတွက် အရင်ကယိုဝရက်နဲ့စေ့စပ်ထားတာကိုရုတ်သိမ်းပြီး မိန်းကလေး‌ ဖောင်ခယ်နဲ့လက်ထပ်ဖိုလုပ်ပါတယ်… ဒါပေမဲ့ဖောင်ခယ်မှာကလည်း လက်ရှိမှာ ချစ်သူရှိနေတဲ့အတွက် လက်ထပ်ဖိုကိုငြင်းဆန်ပေမဲ့လည်း မိဘတိုရဲ့ဆန္ဒကို မလွန်ဆန်နိုဘဲ သခင်ခမ်းဖာ့နဲ့လက်ထပ်ဖိုပြင်ဆင်ရပါတယ်…. သို့သော်လက်ထပ်ပွဲမတိုင်ခင်တစ်ရက်မှာပဲ လက်ရှိချစ်သူနဲ့ထွက်ပြေးပြီး သူမရဲ့ချစ်သူအိမ်မှာ နေထိုင်ခဲ့ပါတယ်…. သူမချစ်သူအိမ်ရောက်တဲ့အခါမှာ ဖောင်ခယ်တယောက်ဘာတွေနဲ့ကြုံရမလဲ?? အချိန်အနည်းငယ်ကြာပြီးတဲ့နောက် သခင်‌လေးခမ်းဖာ့ဆီက‌ စေ့စပ်ပွဲရုပ်သိမ်းခံလိုက်ရတဲ့ယိုဝရက်ဟာလည်း ကိတ်ဂွန့်ဆိုတဲ့သခင်လေးတယောက်နဲ့လက်ထပ်လိုက်ရပါတယ်…. သိုသော်ခွန်ချိုင်းကိတ်ဂွန့်ဟာ ယိုဝရတ်နဲ့လက်မထပ်ခင်မှာ မိမိအိမ်ကအစေခံဖြစ်တဲ့ပလုမ့်ဆိုတဲ့‌ကောင်မလေးနဲ့ပတ်သတ်မိခဲ့ပြီးပလုမ့်မှာကိုယ်ဝန်ရှိခဲ့ပါတယ်…. အ‌‌ခြေနေအမျိုးမျိုးကြောင့် ပလုမ့်ဟာ သူမမှာကိုယ်ဝန်ရှိတဲ့အကြောင်းကိုလျှိဝှက်ထားရပြီး ခွန်ချိုင်းကိတ်ဂွန့်နဲ့ခွန်ယိုဝရတ်တိုလက်ထပ်မယ်ဆိုတာသိရတော့ ပလုမ့်ဟာလည်း အိုက်ဖူဆိုတဲ့ကားသမားတယောက်ကိုယောကျာ်းအဖြစ်ယူလိုက်ကာ သူမနဲ့ခွန်ချိုင်းကိတ်ဂွန့်တိုအကြောင်းကိုဖုံးကွယ်လိုက်ရပါတယ်… ဒီလိုနဲ့ နှစ်တွေကြာပြီး သားသမီးတွေရှိလာတဲ့အခါ ဒီလူတွေဟာဘယ်လိုပြန်ပြီးပက်သတ်လာကြမလဲ?? သူတိုသားသမီးတွေကော ဒီရှုပ်ထွေးမှုကြားမှာဘယ်လိုဖြစ်ကြမလဲ ဖုံးကွယ်ထားကြတဲ့လျှိဝှက်ချက်တွေကော ဘယ်လိုဆက်ဖြစ်ကြမလဲ??