-
Movie Name
-
ဖီးနစ်(စ်)ဧကရီကကြိုး (Monarch Industry)(The Rebel Princess)
-
Year
-
2021
-
Generes
-
Drama, Historical, Romance
-
Code
-
SC0367
-
Type
-
Series
-
Size
-
36.8 GB
-
Country
-
China
-
Description
-
အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခေါက်မှာလည်း ကားသစ် တစ်ကား ထပ်မံရွေးချယ်ပြီး တင်ဆက်ပေးဖို့စီစဥ်ထားပါတယ် ဒီကားကတော့ တရုတ်နိုင်ငံရဲ့ထိပ်တန်းနာမည်ကြီးမင်းသမီး Zhang Zi Yi ရဲ့ ပထမဆုံးလက်ခံရိုက်ကူးတဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ "Monarch Industry "(Emperor Phoenix )ပဲဖြစ်ပါတယ်
💚 ဖီးနစ်ဧကရီကကြိုး💚လို့နာမည်ပေးထားပါတယ်
ဇာတ်လမ်းအကျဥ်း 🐉🐉
Wang Xuanနဲ့Xiao Qiတို့ဟာ တိုင်းပြည်ကိုကာကွယ်နိုင်ဖို့အတွက် အဖေ့ရဲ့သဘောဆန္ဒအတိုင်း အချစ်မပါဘဲ လက်ထပ်ခဲ့ကြပါတယ်
Xiao Qiကနှိမ်ချတတ်တဲ့ ပုံစံနဲ့နေထိုင်ခဲ့ရပေမယ့်မင်းသမီး Wang Xuanကတော့ ယောင်္ကျားတစ်ယောက်ထက်တောင် စိတ်ဓာတ်ကြံ့ခိုင်နေခဲ့သူပါ
တော်ဝင်မိသားစုမျိုးရိုးဂုဏ်မြင့်တဲ့အသိုင်းအဝိုင်းကသူတွေကတော့ ပြည်သူတွေကို မငဲ့ညှာပဲ သုံးဖြုန်းနေကြပြီးအာဏာရဖို့ အတွင်းပိုင်းမှာ အကောက်ကြံမှုတွေရှိနေပါတယ်
မင်းသမီးWang Xuanရဲ့ငယ်ချစ်ဦး မင်းသား၃ကလည်း စစ်တုရင်နယ်ရုပ် သာသာပဲဖြစ်ခဲ့ရပါတယ်
မင်္ဂလာဦးညမှာပဲ Xiao Qiက ဖိအားပေးခံရလို့မြို့တော်ကနေ ထွက်သွားခဲ့ရပါတယ်
Helanမင်းသားက Xiao Qiကို လက်စားချေဖို့အတွက် Wang Xuanကို ပြန်ပေးဆွဲခဲ့ပါတယ် Wang နဲ့ Xie တိုင်းပြည်ကရောအာဏာအတွက် ဆက်တိုက်ခိုက်ကြမလား
Helanမျိုးနွယ်က နိုင်ငံတော်ကိုပုန်ကုန်ဖို့ ကြေညာလိုက်တဲ့ အချိန်မှာရော စစ်တပ်ကပါတိုင်းပြည်ကို သစ္စာဖောက်မှာလား
Wang Xuanကပါ စစ်တပ်ကိုဦးဆောင်တိုက်ခိုက်ပေးပြီး Xiao Qiလိုချင်တဲ့ တရားမျှတမှုနဲ့ တိုင်းပြည်ငြိမ်းချမ်းမှုရအောင် ကူညီပေးနိုင်မလား
အခြေအနေတွေက သူတို့ကိုဘယ်လိုပဲ ဖျက်စီးဖို့ ကြိုးစားပါစေ တွေ့ကြုံနေရတဲ့အခက်အခဲတွေနဲ့ဝေဖန်မှုတွေက အတွဲညီညီဖြေရှင်းတတ်တဲ့ ဇနီးမောင်နှံအတွက် ကံကောင်းမှုတစ်ခုဖြစ်မလား
Wang Xuanနဲ့Xiao Qiကရော ပြဿနာတွေကြားထဲကနေ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားမလား ဆိုတာကိုတော့ Martial World Myanmar နဲ့ SoulKingdom တို့ကနေ ပူးပေါင်းပြီးတင်ဆက်ပေးသွားမဲ့
💚 "ဖီးနစ်ဧကရီကကြိုး" 💚 ဆိုတဲ့ဇာတ်လမ်းတွဲလေးကို စောင့်မျှော်ကြည့်ရှူ့ ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့❄️❄️
Wang Xuan အဖြစ် Zhong Zu Yi
Xiao Qi အဖြစ် Zhou Yi Wei
Zi Dan အဖြစ် Tony Yang
Wang Lin အဖြစ် Yu He Wei
Xie Wan Ru အဖြစ် Zuo Xiao Qing တိို့ကပါဝင်ထားပြီးတရုတ်ပြည်ရဲ့နာမည်ကြီးအနုပညာရှင်ကောင်းများစွာပါဝင်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်
ဒါရိုက်တာ Cheng Yuan Hai နဲ့ Hou Yong တို့က
စာရေးဆရာမ Mei Yu Zheရဲ့ Novel ဖြစ်တဲ့
"Emperor's Conquest" ကိုမှီငြမ်းရိုက်ကူးထားပြီးအပိုင်း ၆၈ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်
ကြည့်ရှု့ပေးမဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်❣️