-
Movie Name
-
Lost (2021)
-
Year
-
2021
-
Generes
-
Drama
-
Code
-
SKR0514
-
Type
-
Series
-
Size
-
8.61 GB
-
Country
-
Korea
-
Description
-
Lost [2021]
“မမက လမ်းပျောက်နေခဲ့တယ်
ကျွန်တော်က ကြောက်ရွံ့နေခဲ့တယ်
မမ နဲ့ ကျွန်တော်ဆုံခဲ့တယ်။
တကယ်လို့ မမ နဲ့ ကျွန်တော်ထပ်ဆုံကြရင်
ကျွန်တော်တို့ အတူတူသတ်သေကြမလား…. ”
=======================================================
JTBC ရဲ့ ၁၀ နှစ်ပြည့်အထူးအစီအစဉ်အနေနဲ့ ထုတ်လွှင့်တဲ့
Lost ဇာတ်လမ်းတွဲ လာပါပြီ။
မြို့ပြရဲ့ ကျဉ်းကြပ်လှတဲ့ လူနေမှုဘဝကို
လှပတဲ့ မနဲ့မောင် ဇာတ်လမ်းတစ်ပုဒ်နဲ့အတူ ခင်းကျင်းပြသထားတာမို့
ကြည့်နေကျ ဇာတ်လမ်းတွေနဲ့ မတူဘဲ
တစိမ့်စိမ့်နဲ့ ရင်ထဲကို ရောက်လာမယ့် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
မြို့ပြလူမှုဘဝနဲ့ တွေ့ကြုံနေရတဲ့ လူတွေအဖို့တော့
ရင်ဘတ် နဲ့ ခံစားချက် ထပ်တူကျပါလိမ့်ဦးမယ်။
အများနည်းတူ မွေးဖွားခဲ့ကြပေမယ့်
တစ်ချို့လူသားတွေအဖို့ လောကကြီးကရော
ကံကြမ္မာကပါ မျက်နှာသာမပေးဘူးဆိုတာ
သင်တို့တွေ ယုံချင်မှယုံပါလိမ့်မယ်။
ဘယ်လောက်ပဲ ကြိုးစားပါစေ
အခွင့်အလမ်းတွေ သိပ်မရှိတော့တဲ့
သက်လတ်ပိုင်းအရွယ် အီဘူဂျောင်း (Jeon Do-Yeon)နဲ့
ဖြစ်ချင်တာတွေမဖြစ်လာဘဲ
အဓိပ္ပါယ်မဲ့စွာ မသေဆုံးချင်တဲ့
အသက် ၂၇ နှစ်အရွယ် ကောင်လေး အီဂန်ဂျယ်( Ryu Jun Yeol) ….
အပူတွေကိုယ်စီနဲ့ပြည့်နှက်နေတဲ့
ဘူဂျောင်းနဲ့ ဂန်ဂျယ်တို့နှစ်ယောက်သား
လွတ်မြောက်ရာလမ်းကိုပဲရွေးချယ်ကြမလား…
တစ်ယောက်ကိုတစ်ယောက်ဖေးမရင်းနဲ့ လောကငရဲကို ဖြတ်ကျော်မလား…
အားလုံးရဲ့အချစ်တော် Reply 1988 က
ကျန်ရစ်လေး ဂျောင်ဟွမ် ရဲ့ ဒရမ်မာအသစ်စက်စက်လေးဖြစ်ပြီး
ငြိမ့်ငြိမ့်ညောင်းညောင်းလေး ကြည့်ရှုရမယ့် Melodrama အေးအေးလေးဖြစ်ပါတယ်။