Movie Name
Flight (2021)
Year
2021
Generes
Action, Thriller
Code
EN0639
Type
Movie
Size
1.04 GB
Country
Hollywood
Description
IMDb…8.0 ရန်ဗီးမနိုးသရားဟာ အိန္ဒိယရဲ့ နာမည်ကျော်လေယာဉ်တည်ဆောက်ရေ းကုမ္ပဏီတစ်ခုဖြစ်တဲ့ Adityaraj Aviations ရဲ့ MD တစ်ယောက်ဖြစ်ပြီး လတ်တလောဖြစ်ပွားခဲ့တဲ့လေယာဉ်ပျက်ကျမှုတစ်ခုကြောင့် ကုမ္ပဏီဟာ ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်မှုတွေကြုံနေရချိန်ဖြစ်ပါတယ်။ ဒီကိစ္စကို သူကိုယ်တိုင်စုံစမ်းမိချိန်မှာ ဈေးပေါပေါနဲ့တင်သွင်းထားတဲ့ အစိတ်အပိုင်းတွေကြောင့်ဆိုတာ သိရှိသွားပြီးနောက် သတင်းစာရှင်းလင်းပွဲအတွက် ကိုယ်ပိုင်လေယာဉ်နဲ့ဒူဘိုင်းကိုထွက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်ရောက်တဲ့ခဏ အရက်တစ်ခွက်နဲ့အတူမှေးကနဲဖြစ်သွားပြီး သူပြန်နိုးလာတဲ့အချိန်မှာတော့ လေယာဉ်တစ်ခုလုံးဟာ ဖရိုဖရဲဖြစ်နေပြီး လေယာဉ်မယ်လေးနှစ်ယောက်သေဆုံးနေတာကိုတွေ့လိုက်ရတဲ့အပြင်၊ ပြင်ပကမ္ဘာလောကကြီး တစ်ခုလုံးနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေပြီးတော့ လေယာဉ်ဟာ မောင်းသူမရှိပဲပျံသန်းနေတာကို တွေ့လိုက်ရတဲ့အခါ..။ ဒီကိစ္စဟာ လေယာဉ်ပြန်ပေးမှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက သူ့အပေါ်မလိုမုန်းထားမှုနဲ့အကောက်ကြံခဲ့တာဖြစ်မလား၊ သူ့ကိုလုပ်ကြံချင်တာ ဆိုရင်လဲ အပြစ်မဲ့လေယာဉ်မယ်နှစ်ယောက်ကိုသတ်သွားပြီး သူ့ကိုချန်ထားခဲ့တဲ့ ကိစ္စရဲ့နောက်ကွယ်မှာဘယ်လို အကြောင်းချင်းရာတွေရှိမလဲ၊ စတဲ့ ပဟေဠိတွေများစွာကို အကူအညီမဲ့ တစ်ယောက်တည်းဖြေရှင်းရပါတော့မယ်။ Flight ဟာလှည့်ကွက်တွေ အချိုးအကွေ့တွေ စွန့်စားခန်းတွေနဲ့ ရင်မသည်းဖိုကြည့်ရှုရမယ့် action/thiriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်…