-
Movie Name
-
အချစ်မီးလျှံ (Fai Marn) (2012)
-
Year
-
2012
-
Generes
-
Drama, Romance
-
Code
-
ST0385
-
Type
-
Series
-
Size
-
19.7 GB
-
Country
-
Thai
-
Description
-
ဆူဝမ် အဖြစ် Porche Saran Sirilak
ကာဝ် (ကန်နရီ) အဖြစ် Thisa Varitthisa Limthammahisorn
🔥 ဇာတ်လမ်းအကျဉ်း 🔥
ကာဝ် (Thisa) တို့ရဲ့ပျော်စရာကောင်းတဲ့မိသားစုဘဝလေးဟာ ဆင်းရဲမှုဒဏ်ကိုမခံနိုင်တဲ့ ကာဝ် ရဲ့အမေ ဖာဖိ ကြောင့်ပြိုကွဲပျက်ဆီးသွားခဲ့ပါတယ်
ဖာဖိ ဟာဆင်းရဲတဲ့ဒဏ်မခံနိုင်တာကြောင့် ယောကျားနဲ့ သားသမီး၂ယောက်ကိုထားခဲ့ပြီး အလွန်ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ သူဌေးကြီးအာရ ရဲ့မယားငယ်အဖြစ်နေခဲ့ပါတယ်
သူဌေးကြီးအာရ ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် သူဌေးကြီးရဲ့ မယားကြီး ဆူဒါး နဲ့သားဖြစ်သူ ဆူဝမ်(Porshe) တို့သောကရောက်ရပါတော့တယ်
ဒီလိုနဲ့ ဖခင်ဖြစ်သူ အာရ က သူ့ရဲ့မယားငယ် ဖာဖိ ကိုဇနီးမယားအဖြစ်တရားဝင်ကြေညာလိုက်ပြီးတဲ့နောက် ဆူဝမ်(Porshe) ဟာ နိုင်ငံခြားကနေပြန်လာခဲ့ပါတယ်။ လေဆိပ်မှာ နာမည်ကြီးအနုပညာရှင်တစ်ယောက်ရဲ့ သတင်းကိုလိုက်စုံစမ်းနေတဲ့ သတင်းထောက်မလေး ကာဝ်(Thisa) နဲ့တွေ့ဆုံခဲ့ပါတယ်။
အထင်လွဲစရာအကြောင်းတွေနဲ့တွေ့ဆုံပြီးတဲ့နောက်မှာ သူတို့၂ယောက်ဟာ လင်ပါသားနဲ့ မယားပါသမီးတွေဖြစ်ကြောင်း သိရှိသွားခဲ့ပါတယ်။ အဲ့ဒိနောက် မယားငယ်ကိုမကျေနပ်တာကတစ်ဖက် မိခင်တစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ ကာဝ်ကိုသနားတာကတစ်ဖက်နဲ့ ဆူဝမ် ဟာ ကာဝ်ကို ချစ်မိသွားခဲ့တယ်။
၂ဖက်မိဘတွေရဲ့ ဖောက်ပြန်မှုတွေကိုမေ့ပြီး ပျော်ရွှင်နေကြတဲ့ ဆူဝမ် နဲ့ကာဝ်တို့ ၂ယောက်ရဲ့အချစ်လမ်းခရီးဟာ ဆူဝမ်ရဲ့အမေ ဆူဒါး ကြောင့် ကံကြမ္မာဆိုးတွေဝင်ရောက်လာခဲ့ပါတယ်။
ဆူဒါး ဟာ ကာဝ်ရဲ့ အစ်ကို ကဲဝ်တစ်ယောက်အချစ်နွံထဲမှာ ပျော်မွေ့နေပုံတွေကို video ရိုက်ပြီး ကာဝ်ကို ချိန်းခြောက်အကျပ်ကိုင်ကာ မယားငယ်မ ဖာဖိကိုတန်ပြန်တိုက်ထုတ်နိုင်ဖို့ သူ့ယောကျား သူဌေးကြီးအာရ ကိုမြှူဆွယ်ဖို့ခိုင်းခဲ့ပါတယ်
ကာဝ်ဟာ သူ့အမေနဲ့ သူဌေးကြီးတို့ကိုကွဲစေချင်တာကတစ်ကြောင်း ချိန်းခြောက်အကြပ်ကိုင်ခံရတာကတစ်ကြောင်းတို့ကြောင့် မယားကြီးဆူဒါး ခိုင်းတဲ့အတိုင်း သူဌေးကြီးအာရ ကိုမြှူဆွယ်မိတဲ့အခါ ဆူဝမ်ဟာ ကာဝ်အပေါ်အထင်လွဲပြီး မုန်းတီးသွားခဲ့ပါတယ်
ဒီလိုနဲ့...
အချစ်ကြီးသလိုအမုန်းကြီးတဲ့ ဆူဝမ်တစ်ယောက် ကာဝ်ကို ဘယ်လိုကလဲ့စားချေမလဲ.....⁉️
ကလိမ်ကကျစ်ဉာဏ်တွေပြည့်ဝတဲ့ မယားကြီးနဲ့ မယားငယ် ၂ယောက်အားပြိုင်မှုမှာ ဘယ်သူကအယုတ်မာဆုံးသူဖြစ်မလဲ.....⁉️
အချစ်နဲ့အမုန်း အားပြိုင်နေတဲ့ ဆူဝမ်နဲ့ ကာဝ်တို့ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်လာမလဲ.....⁉️ ဆိုတာ
"အချစ် မီးလျှံ" ဆိုတဲ့ဇာတ်လမ်းတွဲမှာကြည့်ရှုလိုက်ရအောင်.....🤗