-
Movie Name
-
Bangistan (2015)
-
Year
-
2015
-
Generes
-
Comedy
-
Code
-
00026
-
Type
-
Movie
-
Size
-
1.30 GB
-
Country
-
Bollywood
-
Description
-
ဘန်ဂီစတန်ဆိုတဲ့နိုင်ငံတစ်ခု။ မြောက်ဘန်ဂီစတန်က မွတ်ဆလင်။ တောင်က ဟိန္ဒူ။ အမြဲတမ်းအပြန်အလှန်အကြမ်းဖက်မှုတွေ လုပ်နေကျ။ တစ်ခါတော့နှစ်ဘက်ခေါင်းဆောင်တွေက အကြံကြီးတစ်ခုကြံတယ်။ အဲဒါကတော့ကလဲ့စားချေသွေးကြွေးဆပ် ဖို့။ မွတ်ဆလင်ဘက်ကစိတ်ထက်သန်တဲ့ လူငယ်တစ်ယောက်ရွေး။ ဟိန္ဒူကလည်း တစ်ယောက်။ ဟိန္ဒူကမွတ်ဆလင် အယောင်ဆောင်ဖို့ကုရ်အာရန်ကျမ်းကို လေ့လာ။ မွတ်ဆလင်ကဟိန္ဒူကျမ်းလေ့ လာ။ နှစ်ဖက်ခေါင်းဆောင်တွေက ကောင်းကင်ဘုံနဲ့သိမ်းသွင်း။ တားဂတ်က ပိုလန်နိုင်ငံ။ ဒီလိုနဲ့၂ယောက်သားအဆောင်တစ်ခု တည်းတည်းမိကြ။ ပိုလန်အဝင်လေဆိပ်မှာမွတ်ဆလင်တွေကိုပဲစစ်လို့ ဟိန္ဒူအယောင်ဆောင် အစ္စလာမ်ဘာသာဝင်ကလက်မခံ။ မွတ်ဆလင်ဆိုတိုင်းအကြမ်းဖက်သမားလား။ အကုန်လုံးကိုစစ်။ ဟိန္ဒူလည်းစစ်ပါ ဝင်ပြော။ ဒီလိုနဲ့သူတို့ရင်းနှီး။ တစ်ခါသားဘာတစ်ခုသွားတော့ မွတ်ဆလင်အစစ်က အယောင်ဆောင်ကို မင်းမွတ်ဆလင်ဖြစ်ပြီးဘာလို့အရက်သောက်မလဲပြော။ အဲဒီမှာ ၂ယောက်သား ဘာသာရေးဆွေးနွေးကြ။ ဟိန္ဒူအယောင်ဆောင်သမားကသူလေ့လာထားတဲ့အတိုင်း ဟိန္ဒူဘာသာရေးကျမ်း ဂီတရဲ့အနှစ်သာရအစစ်ကိုပြောသလို မွတ်ဆလင်အယောင်ဆောင်သမားကလည်း ကုရ်အာရန်ကျမ်းသဘောအစစ်ကို ပြောပြ။ ဂျီဟဒ်ဆိုတာ ကုရ်အာရန်မှာရုန်းကန်ခြင်း။ မကောင်းမှုကနေလွတ်မြောက်အောင် ရုန်းကန်ခြင်းသဘော။ စတေးတာ အကြမ်းဖက်ခိုင်းတာမဟုတ်ဘူးဆိုတာရှင်းုပြ။ နောက်တော့ သူတို့အစီအစဉ်အတိုင်းပဲ ကိုယ်စီလျှို့ဝှက်စွာဗုံးတွေလုပ်ကြတယ်။ဒီကားဟာ ဘောလီးဝုဒ်ရဲ့ပြောင်မြောက်တဲ့သရော်ချက်တစ်ခုပါ။ ပြကွက်တွေ။ ဆက်တင်တွေ။ ဥပမာ မြောက်ခြမ်း မွတ်ဆလင်ဘက်တောင်တွေကြား ခေါင်းဆောင်ကြီးတွေစတည်းချတဲ့ဆိုင်က အမေရိကန်စတိုင်စားသောက်ဆိုင်။ ဂုရုကြီးတွေဘာသာရေးအကြောင်းပြ နိုင်ငံရေးကစားမှု။ ရုရှားနဲ့တရုတ်က လက်နက်ရောင်းပေးတယ်။ သဘောကျစရာစကားတွေအများကြီး။ ဥပမာ တရုတ်ဆိုင်ဗုံးသွားဝယ်တော့ ဗုံးစမ်းလို့ရမလားမေးတယ်။ တရုတ်ကြီးက ဒါ made in china တို့ဆီမှာတော့ဖုန်းတောင်ခဏခဏ ပေါက်တယ် ဆိုတာမျိုး။ နောက်အိဒ်နေ့အယူအဆ။ သိုးကိုသတ်ခိုင်းတာမဟုတ်ဘူး။ တို့တန်ဖိုးထားတဲ့အရာကိုစွန့်လွှတ်ခိုင်းတာဟာ ကိုယ်ချင်းစာတတ်အောင် ဆိုတဲ့ အမြင်။ ဒီကားဟာ Oh My God တို့ PKတို့နောက် ဘာသာရေးအစွန်းရောက် တွေကိုခပ်ပြင်းပြင်းသရော်လိုက်တဲ့ကား ပါပဲ။ အိန္ဒိယနဲ့ပါကစ္စတန်ကိုရည်ညွှန်းပြီး စိတ်ကူးယဉ်ပြယုဂ်နိုင်ငံတစ်ခုဖန်တီးထား ပေမယ့် ဒါ ကမာတစ်ခုလုံးနဲ့ဆိုင်တဲ့ ထိုးနှက်ချက်ပါ။ ရည်ရွယ်ချက်ကပြတ်သားတယ်။ ဘာသာတရားသည် လက်နက်မဟုတ်။ အကြမ်းဖက်မှုသည် ဘာသာမဟုတ်။ ကိုယ်ယုံကြည်ကိုးကွယ်ရာဘာသာတရား တိုင်းရဲ့အနှစ်သာရကိုကိုယ်တိုင်သိပါ။ လေ့လာပါ။ ကျင့်ကြံပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေက မွတ်ဆလင်ဘာသာရေးခေါင်းဆောင် အဘိုးကြီးနဲ့ ဟိန္ဒူခေါင်းဆောင်အဘိုးကြီး။သူငယ်ချင်း၂ယောက်။ သူတို့နိုင်ငံ၂ခြမ်းကြားအဆင်ပြေမယ့်နည်းကိုရှာဖွေကြတယ်။ သူတို့ဘယ်သူတွေလဲ။ အဲဒါ ခင်ဗျားနဲ့ကျွန်တော်ပါပဲ။ ရှာပြီးဝယ်ကြည့်ပါ။ သရော်ခြင်းသဘောကိုနားလည်တယ် ခင်ဗျားမှာဖွင့်ထားတဲ့နှလုံးသားရှိတာ သေချာရင်ပေါ့။