Movie Name
Rathnan Prapancha (2021)
Year
2021
Generes
Comedy, Drama
Code
IND0184
Type
Movie
Size
125 MB
Country
Bollywood
Description
Rathnan Prapancha (2021) Oct 22 ကမှ ထွက်ရှိထားတာ ဖြစ်ပြီး review‌ ကောင်းတွေ ရရှိထားတဲ့ ကားပဲ ဖြစ်ပါတယ် ဒီဇာတ်လမ်းမှာတော့ အဓိကအားဖြင့် မိခင်မေတ္တာကို ဖော်ကျူးပြသထားပါတယ် ၊ အကျဉ်းချုံးပြောရရင် ရတ်သ်နာ ဟာ မွေးစားခံထားရတဲ့ သူပါ ၊ သူ အသက်တော်တော် ရလာမှ မွေးစားသားမှန်း သိခဲ့ရတယ် ၊ သူ့ရဲ့ မွေးစားအဖေကတော့ မရှိရှာတော့ပါဘူး ၊ မွေးစားအမေရယ် သူရောက်လာပြီးမှ ထပ်မွေးတဲ့ မွေးစားမိဘတွေရဲ့ သားအရင်း လင်မယားနဲ့ အတူ နေကြပါတယ် ၊ သူ နဲ့ သူ့မွေးစားအမေဟာ ရှိရင် မတည့်ဘူး မမြင်ရရင် ချောင်းကြည့်ဆိုသလိုပါပဲ အမြဲ ဘုနဲ့ ဘောက်ပါ ၊ ဒါပမေယ့်လည်း သူ့မွေးစားအမေက သူ့သားအရင်း အငယ်ကောင်ထက်တောင် သူ့ကို ပိုချစ်ပါသေးတယ် ၊ ဒါကို သူ့အမူအရာတွေကနေမှ တစ်ဆင့် တွေ့မြင်ရမှာပါ ၊ဒီဇာတ်လမ်းထဲက စကားတစ်ခွန်း ရှိပါတယ် ၊ အမေဆိုတာ ၀မ်းနဲ့ လွယ်မွေးမှ အမေ မဟုတ်ပါဘူးတဲ့ ၊ ၀မ်းနဲ့ လွယ်မမွေးရပေမယ့် အမေခေါ်ထိုက်တဲ့သူတွေ အများကြီးပါ ၊ ထားပါတော့ သူ့က သားအရင်း မဟုတ်တာ သိတော့ သူ့မိဘအရင်းတွေကို လိုက်ရှာတယ်ပေါ့ ၊ သူ့မိဘတွေကို ရှာတွေ့ပါ့မလား သူနဲ့ ဘယ်တော့မှ မတည့်တဲ့ မွေးစားအမေရဲ့ အချစ်တွေကိုရော ဘယ်လို နားလည်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်……