Movie Name
Heads And Tales (2021)
Year
2021
Generes
Drama
Code
IND0185
Type
Movie
Size
851 MB
Country
Bollywood
Description
Heads and Tales (2021) Imdb မှာ 7.6 rating နဲ့ Review ကောင်းတွေရထားတဲ့ အိန္ဒိယဇာတ်‌လမ်းကောင်းတစ်ပုဒ်ကို ညွှန်းပေးချင်ပါတယ်။ လူသားတွေဟာ ဘ၀ချင်းကွဲပြားရင်သာ ကွဲပြားမယ်၊ လူတိုင်းမှာ အခက်အခဲဆိုတာတော့ ရှိကြတာချည်းပါပဲ။ ဘ၀အခက်အခဲအပေါ်ရှုမြင်ပုံချင်းမတူညီကြတာကြောင့်သာ မတူညီတဲ့ရလဒ်တွေနဲ့ ကွဲပြားစွာ ရှင်သန်နေကြတာပါ။ အဲဒီလိုပါပဲ….၊ ဒီဇာတ်လမ်းမှာ မတူညီတဲ့ အမျိုးသမီးသုံးယောက်ရဲ့ဘ၀နဲ့ အချစ်ရေးအခက်အခဲတွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ မိမိအိပ်မက်နဲ့အနာဂတ်ကို ခြယ်လှယ်ပြီး သူ့သိက္ခာကိုပိုတန်ဖိုးထားတဲ့ယောကျာ်း၊ မိမိကိုယ်ကိုသိမ်ငယ်နေတဲ့ယောကျာ်းနဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေး၊ အခုမှချစ်စခင်စ သမီးရည်းစားရေးကနေ ဘယ်လိုအခြေအနေတွေအထိ ဆွဲခေါ်သွားမလဲ၊အမျိုးသမီးသုံးယောက်က သူတို့ရဲ့ဘ၀တွေကို ဘယ်လိုထိန်းကြောင်းပြီး ဘယ်လိုရပ်တည်သွားကြမလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြရမှာ ဖြစ်ပါတယ်။ ထူးခြားချက်က အမျိုးသမီးသုံးယောက်ရဲ့ဘ၀ကို ဒီတိုင်းရိုးရိုးကြီးရိုက်ထားတာမဟုတ်ဘဲ လူယောင်ဆောင်ထားတဲ့ ဖန်ဆင်းရှင်နတ်ဘုရားကို အင်တာဗျူးနေတဲ့ ပုံစံမျိုးရိုက်ကူးထားတာကြောင့် တစ်မျိုးဆန်းပြီး ကြည့်လို့‌အတော်ကောင်းပါတယ်။ လူတွေ့ရဲ့သဘောသဘာ၀၊ ဖြစ်တတ်တဲ့ကံကြမ္မာတွေကို နှိုင်းယှဉ်ပြထားတာက ယူတတ်ရင်သင်ခန်းစာတွေပါပဲ။ ရိုးရိုးအချစ်ကားတွေထက် အချိန်ပေးကြည့်ရလောက်အောင်တန်တဲ့ ဇာတ်လမ်းကောင်းအဖြစ် ညွှန်းပေးလိုက်ပါတယ်။ (RS တွေကိုကြည့်ပြီး တရားရချင်နေတဲ့ FA တွေအတွက်လည်း recommend ပေးပါတယ်နော်။)