-
Movie Name
-
Love Story (2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
IND0186
-
Type
-
Movie
-
Size
-
1.19 GB
-
Country
-
Bollywood
-
Description
-
ဒီတစ်ခါမှာတော့ GC ပရိသတ်ကြီးအတွက် romance ဇာတ်ကားကောင်း ဇာတ်ကားသစ်တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်၊ Love Storyဆိုတဲ့အတိုင်း အလွှာမတူတဲ့အသိုင်းအဝိုင်းကနေ ဆင်းသက်လာတဲ့ လူနှစ်ဦးကြားမှာပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကို ရသမျိုးစုံနဲ့ခံစားမြင်တွေ့ရမှာပါ၊
ဇာတ်လမ်းအကျဥ်းကို ပြောရရင်တော့
အမေတစ်ခုသားတစ်ခုဘ၀နဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းကန်ကြိုးစားလာရင်း အရွယ်ရောက်လာချိန်မှာတော့ ရီဗန့်သ်တစ်ယောက်က ဟိုက်ဒရာဘတ်မှာဇွမ်ဘာအကသင်တန်းဖွင့်နိုင်ခဲ့ပါပြီ။
ငယ်စဉ်ကတိုင်မိဘအုပ်ထိန်းမှုအောက်မှာပဲနေခဲ့ရတဲ့ သူဌေးသမီးလေး မိုနီကတော့ ဟိုက်ဒရာဘတ်ကို အလုပ်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာခဲ့ပါတယ်၊ဒါပေမဲ့ မထင်မှတ်ထားဘဲ မိုနီနဲ့ရီဗန့်သ်တို့က အိမ်နီးချင်းတွေ ဖြစ်လာပါတော့တယ်၊လောကကြီးအကြောင်း ဘာဆိုဘာမှမသိထားတဲ့မိုနီအတွက် အလုပ်ရှာရတာက ထင်သလောက်မလွယ်ကူခဲ့ပါဘူး၊မိုနီတစ်ယောက် သူရှာနေသမျှအလုပ်တွေမှာ အဆင်မပြေခဲ့ပေမယ့်လည်း သူ့မှာထူးခြားတဲ့အကစွမ်းရည်ရှိနေပါတယ်၊
ဒါကိုရီဗန့်သ်ကသိသွားတဲ့အချိန်မှာတော့ သူ့ရဲ့ဇွမ်ဘာစင်တာမှာ အတူတူအလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်၊ သူတို့နှစ်ယောက်အတူတူ သူတို့အိမ်မက်တွေကိုဘယ်လိုအကောင်အထည်ဖော်ကြမလဲ,သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုရော ဘယ်လိုပုံဖော်သွားမလဲ ဆိုတာတော့ ဒီကားထဲမှာပဲကြည့်ရူခံစားလိုက်ကြပါဦး၊ အိန္ဒိယကားတို့ရဲ့ထုံးစံအတိုင်း သီချင်း,အကတွေကိုတစ်၀ကြီးခံစားရမယ့်အပြင် ဇာတ်ရှိန်တက်လာတာနဲ့အမျှ ခံစားချက်ရသမျိုးစုံကိုပေးစွမ်းနိုင်မယ့် ဇာတ်ကွက်အလှည့်အပြောင်းတွေကလည်း စောင့်ကြိုနေတာမို့ ကြည့်ရူခံစားပေးကြပါဦး