Movie Name
Amazing Sisters (ချစ်ခြင်းအထက်ကမဟေသီများ) (2021)
Year
2021
Generes
Family, Historical, Romance
Code
SC0369
Type
Series
Size
2.57 GB
Country
China
Description
လိုချင်တာရဖို့ အချစ်ကို ခုတုံးလုပ်ရင်း အချစ်ရဲ့ဆွဲငင်ခြင်းကို ခံလိုက်ရတဲ့အခါ.... ဒီတစ်ခါတင်ဆက်ပေးသွားချင်တဲ့ကားလေးကတော့ ဟွာလင်းမြို့တော်မှာ အတော်ဆုံးပန်းကုန်သည်မိသားစုဖြစ်တဲ့ချန်မိသားစုရဲ့ အရမ်းချစ်စရာကောင်းတဲ့ညီအစ်မငါးယောက်ရဲ့ဇာတ်လမ်းလေးကို ပုံဖော်ထားတဲ့ ချစ်ခြင်းအထက်က မဟေသီများ(Amazing Sisters) ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ချန်မိသားစုရဲ့ညီအစ်မငါးယောက်မှာ အလှကိုယ်စီရှိကြသလို သူတို့တစ်ဦးဆီမှာ မတူညီတဲ့အရည်အချင်းတွေရှိကြတယ် ❤အစ်မအကြီးဆုံးချန်ကျင်းကျင်းက မိသားစုထဲမှာ စီးပွားရေးလုပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီး အိမ်ရဲ့စီးပွားရေးကိုတာဝန်ယူထားရတဲ့သူ 💕ဒုတိယအစ်မကတော့ ဆက်ဆံရေးအရမ်းကောင်းတယ် 💗တတိယအစ်မကတော့ ကိုယ်ခံပညာတော်တယ် 💖လေးယောက်မြောက်အစ်မကတော့ ချစ်စရာကောင်းပြီး ကြင်နာတတ်တယ် 💞အငယ်ဆုံးလေးရဲ့အရည်အချင်းကတော့ ပြဿနာရှာတဲ့နေရာမှာအရမ်းတော်တယ် ✳မဟေသီငါးယောက်ထဲမှာ မိသားစုတာဝန်ကိုထမ်းထားရတဲ့အစ်မအကြီးဆုံးချန်ကျင်းကျင်းက ချန်မိသားစုကို တော်ဝင်ကုန်သည်တော်ဖြစ်လာဖို့အတွက် မြို့တော်မှာ အချောဆုံးအခန့်ဆုံးဖြစ်တဲ့ ကုန်သည်အသင်းခေါင်းဆောင် ရန်ယောက်ယွီကို ဆွဲဆောင်ပြီး လက်ထပ်ဖို့ကြံစည်တဲ့အချိန် ✳သူ့အစ်မကြီး ပျော်ရွင်မှုကိုစွန့်လွှတ်ပြီးအနစ်နာခံရမှာမမြင်လိုတဲ့အတွက် လေးယောက်မြောက် ညီမလေးချန်ပေါင်ပေါင်ကလည်း ရန်မိသားစုရဲ့ခေါင်းဆောင်ဖြစ်တဲ့ ရန်ယောက်ယွီရဲ့ဦးလေး ရန်ချီနဲ့လက်ထပ်လိုက်ကြတယ် ✳ဒီလိုနဲ့ညီအစ်မနှစ်ယောက်နဲ့ တူဝရီးနှစ်ယောက်ရဲ့ဇာတ်လမ်းတွေက ရှုပ်ထွေးသွားပြီးဘာတွေဆက်ဖြစ်ကြမလဲ ✳ရည်ရွယ်ချက်အောင်မြင်တာနဲ့ညီအစ်မနှစ်ယောက်လုံးက ကွာရှင်းဖို့ကြိုးစားတဲ့အချိန်မှာ သူတို့အမျိုးသားတွေကရော အသာတကြည်လက်ခံပါ့မလားဆိုတာကိုတော့