-
Movie Name
-
Hei Ni Da Shi Hen Miao (ငပျင်းမလေးရဲ့စောင့်ရှောက်သူ)
-
Year
-
2021
-
Generes
-
Comedy, Romance
-
Code
-
SC0370
-
Type
-
Series
-
Size
-
7.71 GB
-
Country
-
China
-
Description
-
"နင်က ငါ့အပေါ် အရမ်းကောင်းတာပဲ ယိဟယ်
နင် ငါ့အဖေ ဖြစ်ပေးနိုင်မလား".....
ဇာတ်လမ်းလေးကတော့ မြိုငယ်လေးတစ်ခုမှာ တစ်ရက်တည်း မွေးဖွားခဲ့ကြတဲ့ ရှုန်းချီချီနဲ့ လီယိဟယ် ဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အကြောင်းလေးပဲဖြစ်ပါတယ်
လူငယ်တွေအနေနဲ့ အိပ်မက်ကိုအမှန်တကယ်ဖြစ်အောင် ဖန်တီးနိုင်ဖိုဆိုရင် အရင်ဆုံး ကိုယ်ဘာဖြစ်ချင်သလဲသိရမှာပဲ မဟုတ်လား..
ရှုန်းချီချီကတော့ သူကိုယ်တိုင်ဘာဖြစ်ချင်မှန်းမသိတဲ့ အိမ်တွင်းအောင်းရတာကိုနှစ်ခြိုက်တဲ့ ငပျင်းမလေးတစ်ယောက်ပေါ့
လီယိဟယ်ကတော့ အပြစ်ပြောစရာမရှိအောင် ပြည့်စုံထက်မြက်တဲ့ ကောင်လေးတစ်ယောက်ပါ
ချီချီရဲ့ဘဝမှာ ကြိုးစားပြီးလုပ်ကိုင်တဲ့အရာဆိုလို ဘာမဆိုပြည့်စုံနေတဲ့ နတ်ဆိုး ယိမူကို ဖျက်စီးဖို့ တစ်ခုတည်းပဲ ရှိပါတယ်တဲ့
နှစ်ဦးသား စရိုက်ချင်းခြားနားနေပေမဲ့ ယိဟယ်ကတော့ သူ့ဘဝတစ်လျှောက်လုံး ချီချီဘေးမှာနေပြီး ကာကွယ်ပေးရုံမက ချီချီရဲ့အိပ်မက်တွေကို ရှာဖွေပြီး အကောင်အထည်ဖော်နိုင်အောင် ကူညီလမ်းပြပေးခဲ့ပါတယ်
ငပျင်းမလေးတစ်ယောက် ယိဟယ်ရဲ့ ကြိုးပမ်းမှုတွေကို သတိထားမိပြီး နွေးထွေးတဲ့အပြုအမူတွေနဲ့ ပြန်ပေးဆပ်ဖို ဆုံးဖြတ်လိုက်တဲ့အခါ....
ဘယ်လို ဇာတ်လမ်းလေးဖြစ်လာမလဲ
ငယ်ငယ်တည်းက အိမ်ချင်းကပ်ရက်နေထိုင်ခဲ့တဲ့ မွေးရက်တူ ငယ်သူငယ်ချင်းနှစ်ယောက်ကြားမှာ ဖြူစင်တဲ့ သံယောဇဉ် အပြင် ဘာတွေ ထပ်ရှိနေဦးမလဲ...
သိချင်ရင်တော့ "ငပျင်းမလေးရဲ့ စောင့်ရှောက်သူ"ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို အခုပဲ SoulKingdom မှာ စောင့်မျှော်ကြည့်ရှုလိုက်ပါနော်
အခုလို စိတ်ရောကိုယ်ပါ ပင်ပန်းနေကြတဲ့ အချိန်မှာ ဇာတ်လမ်းတွင်း မြိုငယ်လေးမှာ နေထိုင်ကြသူတွေရဲ့ တစ်ဦးပေါ် တစ်ဦး ထားတဲ့ ချစ်ခြင်းမေတ္တာက သင့်စိတ်ကို နွေးထွေးစေသလို...
လူငယ်တွေရဲ့ ဗရုတ်သုတ်ခတွေနဲ့ ဟာသလေးတွေက သင့်ကိုစိတ်အပန်းပြေစေမှာပါ