Movie Name
စီရင်မရသော ကံကြမ္မာ (Prom Mai Dai Likit) (2018)
Year
2018
Generes
Drama, Romance
Code
ST0390
Type
Series
Size
18.9 GB
Country
Thai
Description
Orachun ဆိုတဲ့ သန်းကြွယ်သူဌေးတစ်ယောက်က မထင်မှတ်ပဲ ဆေးရုံတက်ရင်းနဲ့ Karakade ဆိုတဲ့ သူနာပြုဆရာမလေးကို ချစ်မိသွားတဲ့အခါ … ငွေသော်တာရောင်ခြည် ဇာတ်လမ်းတွေ စတင်ဖြစ်ပေါ်တာလာတယ်ပေါ့နော် …။ ကရာကေဒ့်ပန်းလေးတစ်ပွင့်လိုလှပတဲ့ သူနာပြုဆရာမလေး Karakade ရဲ့ဘဝက ပန်းလေးတစ်ပွင့်လိုတော့ မပြည့်စုံခဲ့ပါဘူး ။ Karakade ကို တကယ်ဖက်သတ်ချစ်နေတဲ့ Nitit ဆို တဲ့ ဒေါက်တာလေးတစ်ယောက်ရှိတယ် ။ Kade ကတော့ သူတိုအစ်ကိုတစ်ယောက်လိုပဲ သဘောထားတဲ့သူပေါ့ …။ Orachun တစ်ယောက် Kade ကိုပိုင်ဆိုင်ရဖို နည်းအမျိုးမျိုးနဲ့ကြိုးစားပါတော့တယ် ။ Kade နဲ့ လက်ထပ်မယ့် ဒေါက်တာ Nitit ကို နိုင်ငံခြားကို ပညာသင်ဖိုအတွက် ငွေကုန်ကြေးကျခံပြီး လွှတ်လိုက်ပါတယ် …။ ဒေါက်တာ Nitit တစ်ယောက် အမေရိကားမှာ ထိုင်းဒေါက်တာမလေးတစ်ယောက်နဲ့ တွေ့ပြီး ချစ်မိခဲ့ပါတယ် …။ ဒေါက်တာ Nitit တစ်ယောက် အမေရိကကနေပြန်လာပြီး နယ်မြိုလေးတစ်ခုမှာ ဆေးကုသပေးဖိုသွားရင်းနဲ့ Karakade ကိုဝင်ကယ်ရင်းကနေ မိုင်းထိပြီး မျက်စိကွယ်ခဲ့ရပါတယ် ။ သူ့ကိုစောင့်ရှောက်ဖိုအတွက် Kade တစ်ယောက် ဒေါက်တာ Nitit က်ိလက်ထပ်လိုက်ပါတယ် ။ Kade နဲ့ Orachum တိုအချစ်နယ်ကျွံပြီး Kadeမှာ ကိုယ်ဝန်ရှိလာတဲ့အခါ … Orachum တစ်ယောက် သူ့ရင်သွေးလေးကို စောင့်ရှောက်နိုင်ဖို ဘယ်လ်ုကြိုးစားမလဲ …။ Kade ကရော Orachum ကိုလက်ခံမှာလား …။ ဒေါက်တာNitit အမေရိကမှာ ကြိုက်ခဲ့တဲ့ ဒေါက်တာမလေးကရော …။ သူတိုလေးယောက်ရဲ့ ပတ်သတ်မှုတွေကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော် …။