-
Movie Name
-
Fall In Love ( နက်နဲလှစွာသောချစ်ခြင်းတရား ) (2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
SC0371
-
Type
-
Series
-
Size
-
5.91 GB
-
Country
-
China
-
Description
-
Fall In Love(မုန်တိုင်းကြားကအချစ်လေပြေ) ဇာတ်လမ်းတွဲဟာ ၁၉၂၀ကျော်ကာလကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ နိုင်ငံရေးသမိုင်းနောက်ခံ ရိုမန့်ဒရာမာအမျိုးအစားပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း......
မုဝမ်ချင်း (Zhang Jing Yi )ဟာ သူမအမေရဲ့သေဆုံးမှု၊သူမမိဘတွေကွဲကွာသွားရတဲ့အကြောင်းရင်းနဲ့ သူမရဲ့မွေးချင်းတွေသေဆုံးမှုအကြောင်းကို စုံစမ်းဖို့ နိုင်ငံရပ်ခြားကနေ တရုတ်ပြည်ကိုပြန်လာခဲ့ပါတယ်
အဲဒီအချိန် ရှန့်ဟိုင်းစစ်တပ်အတွင်းမှာ အာဏာသိမ်းမှုဖြစ်ပြီး အာဏာသိမ်းမှုမအောင်မြင်တဲ့အတွက် ထန်ရွှမ်းလင် (Chen Xing Xu )ဟာ ဗိုလ်မှူးကြီးအသစ်အဖြစ်ရာထူးတိုးခံလိုက်ရပါတယ်။လုပ်ပိုင်ခွင့်အာဏာမြင့်လာတာနဲ့အမျှ ရေခဲလွှာပေါ်လမ်းလျှောက်ရသလို အန္တရာယ်များလှတဲ့ရာထူးဆိုတာသိတဲ့ထန်ရွှမ်းလင်ဟာ အရာရာကိုသတိကြီးကြီးထားပြီးလုပ်ကိုင်တတ်တဲ့သူတစ်ယောက်ပါ။
ရွှီကွမ်းယောင် (Lin Yan Jun )ကတော့ ယွဲ့ချန်ဗိုလ်မှူးကြီးရဲ့သားတစ်ယောက်ဖြစ်တဲ့အပြင် သူရဲ့စိတ်နေသဘောထားကြောင့် လူအများရဲ့အထင်ကြီးလေးစားခြင်းကိုလည်းခံရတဲ့သူပါ။ သူ့ဖခင်ဟာနိုင်ငံရေးလောကထဲက ဩဇာရှိသူဖြစ်ပေမယ့် သူကတော့ နိုင်ငံရေးနယ်ပယ်ထဲက အာဏာလုပွဲတွေကိုမနှစ်သက်ပါဘူး။
မုဝမ်ချင်း (Zhang Jing Yi )ဟာ တရုတ်ပြည်ပြန်ရောက်တဲ့အခါ မုမိသားစုထဲမှာ သူမရဲ့နေရာအခြေခိုင်ဖို့ အာဏာနောက်ခံကောင်းတဲ့ ရွှီကွမ်းယောင် (Lin Yan Jun )ကို တမင်ချဉ်းကပ်ပြီး ကျောထောက်နောက်ခံရအောင်ကြိုးစားပါတော့တယ်……..
ထန်ရွှမ်းလင် (Chen Xing Xu )ကလည်း မုမိသားစုရဲ့အတိတ်ကဖြစ်ရပ်ဟောင်းကို မုဝမ်ချင်း (Zhang Jing Yi)နဲ့အတူစုံစမ်းဖို့ဖြစ်လာပြီး ရွှီကွမ်းယောင် (Lin Yan Jun )နဲ့ပါ သိကျွမ်းလာခဲ့ပါတယ်….
ဒီလိုအသိုင်းအဝိုင်း ရည်ရွယ်ချက်နဲ့ ခံယူချက်ချင်းမတူတဲ့လူသုံးယောက်ဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့်မိတ်ဆွေတွေဖြစ်လာတဲ့အခါ……..
မုမိသားစုရဲ့ဖြစ်ရပ်ကို အတူစုံစမ်းရင်း သပွတ်အူလိုရှုပ်ထွေးပွေလီလှတဲ့နိုင်ငံရေးလောကထဲက ရက်စက်မှုတွေကိုသိလာရပါတော့တယ်…..
သေခြင်း ရှင်ခြင်းတွေကို အတူရုန်းကန်ကျော်ဖြတ်ကြပြီး စက်ဆုပ်ဖွယ်အာဏာလုမှုတွေကြောင့်မတည်မငြိမ်ဖြစ်နေတဲ့တိုင်းပြည်ကို ကာကွယ်ဖို့ သူတို့ဘယ်လိုကြိုးစားကြမှာလဲ……
ဒီလိုအရှုပ်အထွေးမုန်တိုင်းကြားမှာ သူတို့သုံးယောက်ရဲ့အချစ်လေပြေတွေက ဘယ်လိုဘယ်ပုံပေါက်ဖွားလာမှာလဲဆိုတာကို Fall in Love (မုန်တိုင်းကြားကအချစ်လေပြေ) ဆိုတဲ့ဇာတ်လမ်းတွဲမှာစောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်
အဓိကဇာတ်ဆောင်တွေအနေနဲ့
ထန်ရွှမ်းလင်အဖြစ်……. Chen Xing Xu
မုဝမ်ချင်းအဖြစ်...........Zhang Jing Yi
ရွှီကွမ်းယောင်အဖြစ်....... အခုလက်ရှိ Soul ကတင်ဆက်နေတဲ့ Crush (လေလှိုင်းကြားကချစ်သံစဉ်)ဇာတ်လမ်းတွဲက မင်းသား Lin Yan Junတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်…..
Supporting role တွေအနေနဲ့ အမိုက်စားချောချောလှလှမင်းသား မင်းသမီးတွေနဲ့အားဖြည့်ထားတာမို့ အဆင်ငမ်းရင်း လောင်ရမယ့် Fall in Love (မုန်တိုင်းကြားကအချစ်လေပြေ) ဒရာမာလေးဟာဆိုရင်ဖြင့် လက်မလွှတ်သင့်တဲ့ဒရာလေးဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်