Movie Name
Dancing Angel (Nang Fah Lam Kaen) (2020) (ကျွန်တော့်ရဲ့ နတ်မိမယ်)
Year
2020
Generes
Comedy, Romance
Code
ST0394
Type
Series
Size
30.2 GB
Country
Thai
Description
Dancing Angel ("ကျွန်တော့်ရဲ့ နတ်မိမယ်") --------------------------------------------------------- KnK ကနေ ၂၀၂၀ ထွက် နောက်ထပ် ထိုင်းစီးရီးတစ်ခုကို တင်ပေးချင်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာလေးက kasem လို့ ခေါ်တဲ့ ဆန်ကုမ္ပဏီပိုင်ရှင်တစ်ယောက်မှာ မိန်းမနှစ်ယောက်ရှိတယ်။ တစ်ယောက်က Pimpaလို့ခေါ်တဲ့ ငယ်ငယ်တည်းကချစ်ခဲ့ပြီးလက်ထပ်ထားတဲ့မိန်းမနဲ့ နောက်တစ်ယောက်ကတော့ Duantem လို့ခေါ်တဲ့ အမှားတစ်ခုကြောင့် လက်ထပ်ရတဲ့ မိန်းမတို့ပဲဖြစ်ပါတယ်။ Pimpa မှာ သမီးတစ်ယောက်ရှိပြီး Duantem မှာတော့ ကိုယ်ဝန်လွယ်ထားတယ်။ ဒါပေမယ့် Duantem ရဲ့ ကိုယ်ဝန်ဟာ သူနဲ့ရတာမဟုတ်မှန်းသိတယ်။ ဒါနဲ့ ဒီကိစ္စကို အခွင့်အရေးယူပြီး Duantem ကို ကွာရှင်းဖို့လုပ်တယ်။ ကံမကောင်းအကြောင်းမလှပဲ သူဌေးကြီး Kasem နဲ့ Pimpa တို့ သားအမိနှစ်ယောက် ယာဉ်မတော်တဆဖြစ်ပြီး Kasem ကတော့ လေဖြတ်သွားခဲ့တယ်။ Pimpa တို့သားအမိကတော့ ဆုံးပါးသွားပြီလို့ထင်ခဲ့ကြတယ်။ ၂၂ ကြာပြီးနောက်မှာတော့ Duantem ရဲ့သားဖြစ်သူ Pitchaya ပြန်ရောက်လာပြီး ဖခင်ပိုင်ဆိုင်တဲ့ကုမ္ပဏီကို မပိတ်ပစ်ဖို့ ကြိုးစားတယ်။ တစ်ဖက်မှာလည်း သူ့အဖေ မတော်တဆမှုမှာ ဆုံးပါးသွားပြီထင်နေတဲ့ Pimpaတို့သားအမိ အသက်ရှင်နေတယ်ဆိုတာ ယုံကြည်ပြီး လိုက်ရှာဖို့လုပ်လာတယ်။ ဒီလိုအချိန်မှာ Boonruksa ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံပြီး သူမအကူအညီပေးမယ်လို့ပြောလာတဲ့အခါမှာတော့ ပတ်သက်မှုတွေ ဘယ်လိုရှိလဲဆိုတာ...... စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ထိုင်းဒရာမာလေးပဲဖြစ်ပါတယ်။